Trending Now

ပုသိမ်မှာ တစ်ရက်တည်း COVID-19ရောဂါလူနာ ၃ ယောက် ထပ်မံသေဆုံး

Spread the love

 

ပုသိမ်မှာ တစ်ရက်တည်း COVID-19ရောဂါလူနာ ၃ ယောက် ထပ်မံသေဆုံး

 

EPN

ပုသိမ်၊ မတ်လ ၁၆

 

ဧရာ၀တီတိုင်းဒေသကြီး၊ ပုသိမ်မြို့ပြည်သူ့ ဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေတဲ့ COVID-19 ရောဂါ အတည်ပြုလူနာ ၃ ယောက် မတ်လ ၁၄ ရက်က ထပ်မံ သေဆုံးသွားတယ်လို့ ဆေးရုံကျန်းမာရေး ဝန်ထမ်းများထံမှ သိရပါတယ်။

 

“တစ်ရက်တည်း ၃ ယောက် သေဆုံးတာပါ။ ဒီလထဲမှာ ရောဂါကူးစက်ခံရလို့ ဆေးရုံကြီးမှာ လာပြီး တက်ရောက် ကုသမှုခံယူနေရင်းသေဆုံးတာပါ။ ကိုဗစ်ရောဂါနဲ့ သေဆုံးမှုတွေရှိနေလို့ ပြည်သူတွေမပေါဖို့ ပြောချင်တယ်။” လို့ အဆိုပါ ဆေးရုံက ကျန်းမာရေးဝန် ထမ်း တစ်ဦးက ပြောပါတယ်။

 

COVID-19 ရောဂါနဲ့သေဆုံးသူ ၃ ယောက်မှာမတ်လ အတွင်း ရောဂါကူးစက်ခံရလို့ ပုသိမ်ပြည်သူ့ဆေးရုံကြီးမှာ ဆေးရုံ တက်ရောက်ကုသနေတဲ့ အမျိုးသား၂ ယောက်နဲ့ အမျိုးသမီး ယောက်ဖြစ်ပြီး ရောဂါအခံရှိသူတွေဖြစ်တယ် လို့ သိရပါတယ်။

 

ပုသိမ်မြို့မှာ COVID-19ရောဂါ ပြန်လည်စတင်ဖြစ်ပွား သောဖေဖော်ဝါရီလ ပထမ အပတ်မှစတင်ပြီး မတ်လ ၁၄ ရက်အထိ ကိုဗစ်-(၁၉)ရောဂါနဲ့ သေဆုံးသူ စုစုပေါင်း ၂၁ ယောက်အထိရှိလာပြီ ဖြစ်တယ်လို့သတင်းမှတ် တမ်းများအရ သိရပါတယ်။ ဒါ့အပြင် ပုသိမ်မြို့မှာ ဖေဖော်ဝါရီလ ၈ ရက်က စတင်ပြီး COVID-19 ရောဂါရှိ လူနာများကို စတင်တွေ့ရှိခဲ့တာဖြစ်ပြီး မတ်လ ၁၄ ရက်အထိကို အတည်ပြုလူနာပေါင်း ၆၂၂ ဦးအထိ ရှိလာပြီဖြစ်တယ်လို့ သိရပါတယ်။

သူရ


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။