Trending Now

မေရိကန် အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပေလိုစီ အာရှခရီးစဉ်ကို စတင်ဖို့ စင်ကာပူနိုင်ငံကို ရောက်ရှိ

Spread the love

မေရိကန် အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပေလိုစီ အာရှခရီးစဉ်ကို စတင်ဖို့ စင်ကာပူနိုင်ငံကို ရောက်ရှိ

EPN
နိုင်ငံတကာ၊ သြဂုတ် ၁

မေရိကန် အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပေလိုစီဟာ တနင်္လာနေ့ အစောပိုင်းက စင်ကာပူနိုင်ငံ အာရှခရီးစဉ်ကို စတင်ခဲ့ပြီး ဘေဂျင်း နဲ့ တင်မားမှုဖြစ်စေနိုင်တဲ့ ထိုင်ဝမ်ကို သွားရောက်ဖို့စီစဉ်ထားလာ ဆိုတာနဲ့ ပတ်သက်ပြီး မေးခွန်းတွေ ထွက်ပေါ်လာပါတယ်။

ပေလိုစီနဲ့ သူမရဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ အရုဏ်မတက်မီက စင်္ကာပူကို ရောက်ရှိခဲ့ကြောင်း နီးစပ်သူတစ်ဦးက အတည်ပြုခဲ့ပေမယ့် အသေးစိတ်အချက်အလက်တွေကိုတော့ မီဒီယာကို ထုတ်ပြန်ခွင့်မရှိလို့ ပြောဆိုခဲ့ခြင်းမရှိပါဘူး။

ပေလိုစီဟာ စင်္ကာပူသမ္မတ ဟေလီမက်ရာကို နဲ့ ဝန်ကြီးချုပ် လီရှန်းယွန်း တို့ကို ဖုန်းခေါ်ဆိုပြီး အစိုးရအဖွဲ့ ဝန်ကြီးများစွာ နဲ့ တွေ့ဆုံဖို့ စီစဉ်ထားကြောင်း စင်ကာပူနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့ပါတယ်။ တင်းတင်းကြပ်ကြပ် ချုပ်နှောင်ထားတဲ့ သူမရဲ့ ခရီးစဉ်ကို မီဒီယာတွေ ဝင်ရောက်ခွင့် မရှိပါဘူး။

ပေလိုစီဟာ ကုန်သွယ်ရေး၊ ကိုဗစ်ရောဂါ၊ ရာသီဥတုဆိုင်ရာ၊ လုံခြုံရေးနဲ့ ဒီမိုကရေစီ အုပ်ချုပ်ရေးတို့ကို ဆွေးနွေးဖို့ မလေးရှား၊ တောင်ကိုရီးယား နဲ့ ဂျပန်တို့ကိုလည်း သွားရောက်မယ်လို့ သီးတင်းပတ်ကုန်က ထုတ်ပြန်ချက်မှာ ဖော်ပြခဲ့ပါတယ်။

ဘေးဂျင်းအစိုးရနဲ့ တင်းမာမှုတွေ ဖြစ်ပွားနေတဲ့ ထိုင်ဝမ်ကို သွားမယ်မသွားဘူးဆိုတာကိုတော့ အတည်ပြုထားခြင်းမရှိပါဘူး။ သမ္မတ ရှီကျင့်ဖျင်ကလည်း ဘေးဂျင်းနဲ့ ထိုင်ဝမ် ဆက်ဆံရေးမှာ ဝင်ရောက်စွက်ဖက်ခြင်း မပြုလုပ်ဖို့ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နဲ့ ဖုန်းခေါ်ဆိုမှုအတွင်းမှာ သတိပေးခဲ့ပါတယ်။

တကယ်လို့ ပေလိုစီသာ ထိုင်ဝမ်ကို သွားရောက်လည်ပတ်မယ်ဆိုပါက ၁၉၉၇ ခုနှစ်နောက်ပိုင်း ထိုင်ဝမ်ကို လာရောက်တဲ့ ထိပ်တန်းအမေရိကန် အရာရှိတစ်ဦးဖြစ်လာမှာဖြစ်ပါတယ်။ ပေလိုစီနဲ့အတူ တရုတ်နိုင်ငံရဲ့ စစ်ရေးတုံ့ပြန်မှုတွေဟာလည်း ထပ်တူလိုက်ပါလာမယ်လို့ တရုတ်ကာကွယ်ရေးဝန်ကြီးဌာနက သတိပေးထားပါတယ်။

Source – AP

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။