Trending Now

အင်ဒိုနီးရှားနိုင်ငံမှာ သင်္ဘောတိမ်းမှောက်လို့ အနည်းဆုံး လူ ၁၅ ဦးသေဆုံး

Spread the love

အင်ဒိုနီးရှားနိုင်ငံမှာ သင်္ဘောတိမ်းမှောက်လို့ အနည်းဆုံး လူ ၁၅ ဦးသေဆုံး

EPN
နိုင်ငံတကာ၊ ဇူလိုင် ၂၄

အင်ဒိုနီးရှားနိုင်ငံ ဆူလာဝေစီကျွန်မှာ ဒီနေ့ ဇူလိုင်လ ၂၄ ရက်နေ့ မနက်ပိုင်းက ကူးတို့သင်္ဘောနစ်မြုပ်မှု ဖြစ်ပွားခဲ့ပြီး အနည်းဆုံး ၁၅ ဦးသေဆုံးကာ ၁၉ ဦးပျောက်ဆုံးနေတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

အဆိုပါ ကူးတို့သင်္ဘော နစ်မြုပ်ချိန်မှာ ခရီးသည် ၄၀ ကျော်လိုက်ပါလာခဲ့ပြီး ပျောက်ဆုံးနေတဲ့ ခရီးသည် ၁၉ ဦးကို ဆက်လက်ရှာဖွေနေတယ်လို့ ကန်ဒရီမြို့က ရှာဖွေရေးနှင့် ကယ်ဆယ်ရေး အေဂျင်စီ က ပြောပါတယ်။

ခရီးသည်ခြောက်ဦးကို ကယ်ဆယ်နိုင်ခဲ့ပြီး ဆူလာဝေစီကျွန်းပေါ်က ကန်ဒရီ ဆေးရုံမှာ ကုသပေးထားကြောင်း ရှာဖွေရေးနှင့် ကယ်ဆယ်ရေး အေဂျင်စီ အကြီးအကဲ မိုဟာမက် အာရာဖက်က ပြောပါတယ်။

ကျွန်းပေါင်း ၁၇၀၀၀ ကျော်ရှိတဲ့ အင်ဒိုနီးရှားနိုင်ငံမှာ ကူတို့ မတော်တဆမှုတွေအဖြစ်များပြီး ၂၀၁၈ ခုနှစ်ကလည်း ဆူမာတြာကျွန်းမှာ ခရီးသည်တင် သင်္ဘောတစ်စီးနစ်မြုပ်မှုဖြစ်ပွားခဲ့ပြီး လူပေါင်း ၁၉၂ ဦး သေဆုံးခဲ့ပါတယ်။

ref; aljazeera

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။