Trending Now

ထိုင်းနိုင်ငံတွင် အဓမ္မပြုကျင့်ခံရပြီး မီးရှို့သတ်ခံရသည့် မမြင့်မြင့်ခိုင်အမှုအတွက် ငွေကျပ်သိန်းတစ်သောင်းကျော် တောင်းခံမည်

Spread the love

ထိုင်းနိုင်ငံတွင် အဓမ္မပြုကျင့်ခံရပြီး မီးရှို့သတ်ခံရသည့် မမြင့်မြင့်ခိုင်အမှုအတွက် ငွေကျပ်သိန်းတစ်သောင်းကျော် တောင်းခံမည်

EPN
မြစ်ကြီးနား၊ ဇွန် ၆

ထိုင်းနိုင်ငံတွင် အဓမ္မပြုကျင့်ခံရပြီး မီးရှို့သတ်ခံရသည့် မမြင့်မြင့်ခိုင်အတွက် ထိုင်း/မြန်မာရှေ့နေများက တရားရုံးတက်ပြီး နှစ်နာကြေးအဖြစ် ငွေကျပ် သိန်းပေါင်း တစ်သောင်းကျော် တောင်းခံမည်သွားမည်ဖြစ်ကြောင်း အလုပ်သမား သံအရာရှိရုံးက ယနေ့ ထုတ်ပြန်လိုက်သည်။

မမြင့်မြင့်ခိုင်အမှုအတွက် ထိုင်းရှေ့နေ၊ မြန်မာရှေ့နေများ ပါဝင်သောအဖွဲ့သည် ကဘင်ဘူရီတရားရုံးမှာ တရားစွဲဆိုသွားမည်ဖြစ်ပြီး နစ်နာကြေးအဖြစ် တစ်လလျှင် ဘတ် ၅၀၀၀ ဖြင့် နှစ်ပေါင်း ၄၀ စာ( မြန်မာကျပ်ငွေ သိန်းပေါင်းတစ်သောင်းကျော်) တောင်းခံသွားရန် စီစဉ်နေခြင်းဖြစ်သည်။

ထိုင်း-ကမ္ဘောဒီးယားနယ်စပ် ပရာကျင်ဘူရီခရိုင် ကဘန်ကျေးရွာမှာ အလုပ် လုပ်ကိုင်နေသည့် မမြင့်မြင့်ခိုင်သည် နိုဝင်ဘာလ ၁၄ ရက်နေ့ မနက်ပိုင်းက နေအိမ်မှ ပျောက်ဆုံးသွားခဲ့တာဖြစ်ပြီး နိုဝင်ဘာလ ၁၈ ရက်နေ့နံနက်ပိုင်းတွင် သူမ၏ ရုပ်အလောင်းကို ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်သည်။

ယင်းနောက် ပြစ်မှုကျူးလွန်ခဲ့သည့် အသက် ၂၇ နှစ်အရွယ် ထိုင်းအမျိုးသားကို နိုဝင်ဘာလ ၁၈ ရက် နေ့ညပိုင်းမှာ ကဘင်ဘူရီခရိုင်ရဲတပ်ဖွဲ့က ဖော်ထုတ် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

မမြင့်မြင့်ခိုင် အဓ္ဓမပြုကျင့်ခံရပြီး မီးရှို့သတ်ခံရခြင်းအတွက် ပြီးခဲ့သည့်နှစ် နိုဝင်ဘာ ၁၉ ရက်နေ့တွင် မြန်မာသံရုံးတာဝန်ရှိသူများနှင့် သက်ဆိုင်ရာတာဝန်ရှိသူများက ကဘင်ဘူရီမြို့ရှိ သေဆုံးသူ၏ အမဖြစ်သူ မမြင့်မြင့်အေးနှင့် မညိုညိုစိန်တို့အား သွားရောက်တွေ့ဆုံခဲ့ပြီး ရဲစခန်း၌ အမှုအခြေအနေ စုံစမ်းခြင်း၊ DNA ရလဒ်ရရှိရေးနှင့် လိုအပ်သော အထောက်အထားများ စုဆောင်းခြင်း၊ အလောင်းထုတ်ယူနိုင်ရေး၊ သင်္ဂြိုဟ်နိုင်ရေးကိစ္စရပ်များ စီစဉ်ခဲ့ကြကြောင်း သိရသည်။

မမြင့်မြင့်ခိုင်အား စေလွှတ်ခဲ့သည့် Top Chance Services ကုမ္ပဏီမှ လိုအပ်သည်များ ပံ့ပိုးကူညီရေး ကစ္စရပ်များကို ပူးပေါင်းဆောင်ရွက်လျှက်ရှိပြီး တရားစွဲဆိုရာတွင် မမျှော်လင့်ထားသော အခြေအနေရှိလာပါက ထိုင်းရှေ့နေ၊ မြန်မာရှေ့နေများဖြင့် တရားရင်ဆိုင်သွားမည်ဖြစ်ကြောင်း သိရသည်။

ကေကေ

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။