Trending Now

မြန်မာနိုင်ငံက ရုရှား-အိန္ဒိယ ဖက်စပ်ထုတ် ဘရာမို့စ်ခရုစ်ဒုံးကျည် ဝယ်ယူဖို့ စိတ်ဝင်စားနေ

Spread the love

မြန်မာနိုင်ငံက ရုရှား-အိန္ဒိယ ဖက်စပ်ထုတ် ဘရာမို့စ်ခရုစ်ဒုံးကျည် ဝယ်ယူဖို့ စိတ်ဝင်စားနေ

EPN
နိုင်ငံတကာ၊ သြဂုတ် ၄

မြန်မာနိုင်ငံဟာ ရုရှား-အိန္ဒိယ ပူးတွဲထုတ်လုပ်ထားတဲ့ အသံထက်မြန်တဲ့ ဘရာမို့စ်ခရုစ်ဒုံးကျည်တွေကို ဝယ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ ရုရှား TASS သတင်းဌာနရဲ့ဖော်ပြချက်အရ သိရပါတယ်။

ဘရာမို့စ်ဒုံးကျည်ဟာ အသံထက်မြန်တဲ့ ဆူပါဆောနစ်ဒုံးကျည်အမျိုးအစားဖြစ်ပြီး ရုရှားနိုင်ငံနဲ့ အိန္ဒိယနိုင်ငံတို့ ပူး တွဲထုတ်လုပ်ထားတာဖြစ်ပါတယ်။

ဒီဒုံးကျည်ကို ရုရှား-အိန္ဒိယ ဖက်စပ်ကုမ္ပဏီဖြစ်တဲ့ Brahmos Aerospace ကုမ္ပဏီက ထုတ်လုပ်ထားတာ ဖြစ်ပါ တယ်။
ဒီဒုံးကျည်ကို ရုရှား NPO နဲ့ အိန္ဒိယကာကွယ်ရေး၊ သုတေသနနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (DRDO) တို့ ပူး ပေါင်းပြီး ဒီဇိုင်းရေးဆွဲထုတ်လုပ်ထားတာလို့ဆိုပါတယ်။

၂၀၀၁ ခုနှစ်မှာ စမ်းသပ်ပစ်ခတ်ခဲ့တဲ့ ဘရာမို့စ်ဒုံးကျည်ကို ဒီကနေ့အချိန်မှာတော့ ပုံစံအမျိုးမျိုးထုတ်လုပ်ထားပြီး အိန္ဒိယ လေတပ်၊ ရေတပ်နဲ့ ကြည်းတပ်တို့မှာ တပ်ဆင်အသုံးပြုနေပြီဖြစ်ပါတယ်။

ဒုံးကျည်ထုတ်လုပ်တဲ့ကုမ္ပဏီကို အိန္ဒိယနိုင်ငံ နယူးဒေလီမြို့မှာ အခြေစိုက်ထားပါတယ်။

ဘရာမို့စ်ဆိုတဲ့နာမည်ဟာ အိန္ဒိယနိုင်ငံက ဘရာမာပုတ္တရမြစ်(ဗြဟ္မပုတ္တရမြစ်)နဲ့ ရုရှားနိုင်ငံက မော့်စ်က်ဗာ မြစ်တို့ရဲ့ နာမည်နှစ်ခုကို ပေါင်းစပ်ထားတာလို့ သိရပါတယ်။

ဘရာမို့စ်ဒုံးကျည်ဟာ ဆူပါဆောနစ်ဒုံးကျည်ဖြစ်ပြီး အသံထက်မြန်တဲ့ဆူပါဆောနစ်ဒုံးကျည်ဆိုတာ တစ်နာရီကို ၇၆၈ မိုင်ဝန်းကျင်ပျံသန်းတဲ့ ဒုံးကျည်အမျိုးအစား ဖြစ်ပါတယ်။

မြန်မာရေတပ်မှာ တရုတ်လုပ်သင်္ဘောဖျက်ခရုစ်ဒုံးကျည် ၄ မျိုးနဲ့ ရုရှားလုပ် ၁ မျိုး စုစုပေါင်း ၅ မျိုးှရှိပြီးသားဖြစ် တယ်လို့ဆိုပါတယ်။
အဲဒီဒုံးကျည်အမျိုးအစားတွေကတော့ တရုတ်ထုတ် C-801၊ C-802၊ C-802A၊ HY-2 နဲ့ ရုရှားထုတ် Kh-35U တို့ဖြစ်ကြောင်း သိရပါတယ်။

Kh-35U ဒုံးကျည်ဟာ ဆိုဗီယက်ထုတ်တာဘိုဂျက် သင်္ဘောဖျက်ခရုစ်ဒုံးကျည်ဖြစ်ပြီး ရဟတ်ယာဉ်တွေ၊ စစ် သင်္ဘောတွေ၊ ကမ်းရိုးတန်းမှာ တပ်ဖြန့်ချထားတဲ့လက်နက်တွေကတစ်ဆင့် ပစ်ခတ်နိုင်တယ်လို့ဆိုပါတယ်။

ဒီ ဒုံးကျည်ဟာ တန် ၅၀၀၀ အထိ ကြီးမားတဲ့သင်္ဘောတွေကို တိုက်ခိုက်ဖို့ ဒီဇိုင်းရေးဆွဲထုတ်လုပ်ထားတာဖြစ်ပါ တယ်။
Kh-35U ဒုံးကျည်ဟာ တစ်နာရီကို မိုင် ၂၅၀ အောက်ပျံသန်းနိုင်တဲ့ Subsonic speed ဒုံးကျည်ဖြစ်ပါတယ်။

Ref: Myanmar may be interested to acquire Brahmos cruise missile

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။