Trending Now

ပခုက္ကူမြို့မှာ NUG ငွေတိုက်စာချုပ် လုပ်ပေးနေတဲ့ မြန်မာ့ရှေ့ဆောင် ဘဏ်မန်နေဂျာ အမျိုးသမီး အဖမ်းခံရ

Spread the love

ပခုက္ကူမြို့မှာ NUG ငွေတိုက်စာချုပ် လုပ်ပေးနေတဲ့ မြန်မာ့ရှေ့ဆောင် ဘဏ်မန်နေဂျာ အမျိုးသမီး အဖမ်းခံရ

EPN
ပခုက္ကူ၊ မတ် ၁၂

မကွေးတိုင်း၊ ပခုက္ကူမြို့၊ မြန်မာ့ရှေ့ဆောင်ဘဏ်မန်နေဂျာ အမျိုးသမီး တစ်ဦးကို မတ် ၁၁ ရက်၊ မနေ့က ညနေပိုင်းမှာ NUG ငွေတိုက်စာချုပ် ပြုလုပ်ပေးမှုနဲ့ သက်ဆိုင်ရာက ဖမ်းဆီးသွားတယ်လို့ ဘဏ် အသိုင်းအဝိုင်းဆီကနေ သိရပါတယ်။

” မနေ့က ညနေ ၃ နာရီလောက်မှာ ရဲနဲ့ စစ်သားတွေပါတဲ့ အဖွဲ့က ဖမ်းသွားတာပါ၊ အဖမ်းခံရတဲ့သူက ပခုက္ကူမြို့၊ အမှတ် ၈ ရပ်ကွက်၊ အာဇာနည်လမ်းမှာနေတဲ့ မြန်မာ့ရှေ့ဆောင် ဘဏ်မန်နေဂျာဖြစ်သူ ဒေါ်ခင်နှောင်းနှောင်း ဖြစ်တယ်” လို့ အဖမ်းခံရတဲ့သူနဲ့ နီးစပ်တဲ့ ဘဏ်ဝန်ထမ်း တစ်ယောက်က ပြောပါတယ်။

အဲ့ဒီ မြန်မာ့ရှေ့ဆောင်ဘဏ် မန်နေဂျာ အမျိုးသမီး တစ်ဦး အဖမ်းခံရတာနဲ့ ပတ်သက်ပြီး ပခုက္ကူခရိုင် စီမံခန့်ခွဲရေး အဖွဲ့ရုံးနဲ့ နီးစပ်သူ တစ်ဦးက “ဘဏ်လုပ်ငန်းတွေနဲ့ ပတ်သက်ပြီး ဥပဒေ ရှိသလို၊ ဘဏ်ဝန်ထမ်းတွေ လိုက်နာရမယ့် ငွေကြေးဆိုင်ရာ ကျင့်ဝတ်တွေရှိတယ်၊ အခုလို နိုင်ငံတော်က တရားမဝင် အကြမ်းဖက် အဖွဲ့အဖြစ် ကြေညာခြင်းခံထားရတဲ့ အဖွဲ့တွေရဲ့ ငွေကြေးဆိုင်ရာဆက်နွယ်တဲ့ ကိစ္စဆို ဘဏ်ဝန်ထမ်း တစ်ယောက်အနေနဲ့ ပိုပြီး ဂရုပြုရမယ်၊ အခုဟာက အကြမ်းဖက်အဖွဲ့ရဲ့ ငွေတိုက်စာချုပ်တွေ ပြုလုပ်ပေးတဲ့ ကိစ္စနဲ့ ဆက်စပ်တယ်” လို့ ဆိုပါတယ်။

ဒါ့အပြင် ဖမ်းဆီးခံရတဲ့ ဘဏ်မန်နေဂျာနဲ့ ပတ်သက်ပြီး အမှုဖွင့်အရေးယူဖို့ စစ်ဆေးဆောင်ရွက်နေတယ်လို့ သိရပါတယ်။

သွန်းသွန်း


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။