Trending Now

COVID -19 လူနာ အမှတ် ၂၄၅ နှင့် ထိတွေ့ခဲ့သည့် မြစ်ကြီးနား စက်မှုဇုန်ရပ်ကွက်မှ လူရှစ်ဦး ကို အသွားအလာကန့်သတ်ထား

Spread the love

COVID -19 လူနာ အမှတ် ၂၄၅ နှင့် ထိတွေ့ခဲ့သည့် မြစ်ကြီးနား စက်မှုဇုန်ရပ်ကွက်မှ လူရှစ်ဦး ကို အသွားအလာကန့်သတ်ထား

EPN
မြစ်ကြီးနား၊ ဇွန် ၁၁

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ စက်မှုဇုန်ရပ်ကွက်က လူရှစ်ဦးကို COVID-19 ပိုးတွေ့လူနာအမှတ် ၂၄၅ နှင့် ထိတွေ့ခဲ့မှုကြောင့် အသွားအလာ ကန့်သတ်ထားကြောင်း မြစ်ကြီးနားမြို့နယ် အုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။

ယင်းလူနာ အမှတ်၂၄၅ ကို ရောဂါပိုးတွေ့ရှိကြောင်း ဇွန်လ ၉ ရက်နေ့တွင် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပြီး ၎င်း၏ ခရီးသွားရာဇဝင်တွင် ကချင်ပြည်နယ်သို့ လာရောက်ခဲ့ဖူးကြောင်းနှင့် ဤသို့ လာရောက်စဉ် စက်မှုဇုန်ရပ်ကွက်ရှိ ကိုမောင်တိုင်း ကားဝပ်ရှော့နှင့် လက်ယာထမင်းဆိုင်နှင့် ထိတွေ့ခဲ့မှု ကြောင့် ကားဝပ်ရှော့မှ (၅)ဦး၊ ထမင်းဆိုင်မှ (၃) ဦး စုစုပေါင်း ၈ ဦးကို ယနေ့နံနက်ပိုင်းက စတင်ကာ အသွားအလာ ကန့်သတ်ထားရခြင်း ဖြစ်ကြောင်း မြစ်ကြီနားမြို့နယ် အုပ်ချုပ်ရေးမှူး ဦးသန်းဝင်းက ဆိုသည်။

”လူနာအမှတ် ၂၄၅ က အဲ့ဒီမှာ ဝင်ပြီးတော့မှ ကားဝင်ပြင်တယ်၊ ထမင်းဝင်စားတယ် အဒါတာတွေကြောင့် သံသယရှိလို့ ကျွန်တော်တို့က ကန့်သတ်ထားတာ ဖြစ်တယ်” ဟု ဦးသန်းဝင်းက ပြောသည်။

ယင်းကန့်သတ်ထားသည့် လူရှစ်ဦး၏ ဆေးစစ်ချက်နာမူနာကို အမျိုးသားဓာတ်ခွဲခန်းသို့ ပို့ထားပြီ ဖြစ်ပြီး ယင်းဆေးစစ်ချက် အဖြေပေါ်မူတည်၍ လိုအပ်သလို ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

ကချင်ပြည်နယ်တွင် ပထမဦးဆုံး COVID-19 တွေ့ခဲ့သည့် လူနာအမှတ် ၁၄၄သည် ပြန်လည်သက်သာ ပျောက်ကင်းသွားပြီဖြစ်ပြီး ယခုဒုတိယအကြိမ် ထပ်မံတွေ့ရှိခဲ့သည့် လူနာအမှတ် ၂၄၉ အား ဗန်းမော်ပြည်သူ့ဆေးရုံကြီးတွင် အနီးကပ်ကြီးကြပ်မှုဖြင့် စောင့်ကြည့် ကုသပေးနေကြောင်း သိရသည်။

လွမ်းအောင်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။