Trending Now

မိုးညှင်းမြို့နယ်ပြည်ခိုင်ဖြိုးပါတီမှ သောက်သုံးရေအခက်အခဲဖြစ်နေသည့် ကျေးရွာသို့ရေတစ် လစာလှူဒါန်း

Spread the love

မိုးညှင်းမြို့နယ်ပြည်ခိုင်ဖြိုးပါတီမှ သောက်သုံးရေအခက်အခဲဖြစ်နေသည့် ကျေးရွာသို့ရေတစ် လစာလှူဒါန်း

EPN
မိုးညှင်း မေ ၁၅

ကချင်ပြည်နယ် မိုးညှင်းမြို့ နယ်ပြည်ခိုင်ဖြိုးပါ တီမှ မေလ(၂၅)ရက်နေ့နံနက်(၈)နာရီအချိန်က သောက်သုံးရေခက်ခဲသော ကာဒူကျေးရွာအုပ်စု နတ်ကြီးကုန်းရပ်ကွက်နေ အိမ်ထောင် စု (၅၀)စုအတွက်ရေတစ်လစာလှူဒါန်းမှုပြုခဲ့ကြသည်။

ထို့အပြင်ကာဒူကျေးရွာဘုန်းတော်ကြီးကျောင်းသို့ သွားရောက်၍ ‌ခေါက်ဆွဲထုပ် ဆီ ကြက် ဥ ‌နှင့်လှူဖွယ်ပစ္စည်းများ ဆက်ကပ်လူဒါန်းခဲ့ကြ သည်။

အဆိုပါလုပ်ငန်းဆောင်ရွက်ရာသို့ ပြည်နယ်ပါတီကော်မတီဝင် မိုးညှင်းမြို့နယ်တာဝန်ခံ ဦးစိုးဝင်း၊ ခရိုင်ဥက္ကဌ ဦးစိန်ဝင်းထွန်း အမှုဆောင် ဦး ခိုင်ဇော်ထွန်း ဦးဇော်ဝင်း ဦးမြလွင် နှင့် လူငယ်(ဒု)ခေါင်းဆောင် မစိုးဟေမာ ‌တို့လိုက်ပါခဲ့ကြပြီး ကျေးရွာအုပ်စုပါတီကော်မတီဝင် ဦးနိုင်မင်းထွန်း ဦးမျိုးထွန်းနှင့်ပါတီဝင်များလိုက် ပါဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

မင်္ဂလာဦး


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။