Trending Now

လက်နက်ကိုင်အဖွဲ့တွေကို အိန္ဒိယ နဲ့ မြန်မာတပ်မတော် ပူးပေါင်းစစ်ဆင်လို့ အိန္ဒိယ သတင်းတွေဖော်ပြ

Spread the love

လက်နက်ကိုင်အဖွဲ့တွေကို အိန္ဒိယ နဲ့ မြန်မာတပ်မတော် ပူးပေါင်းစစ်ဆင်လို့ အိန္ဒိယ သတင်းတွေဖော်ပြ 

EPN
နိုင်ငံတကာ၊ မတ် ၁၇

ကုလားတန် စီမံကိန်းကို ခြိမ်းခြောက် နှောက်ယှက်မှုတွေ ပြုလုပ်မှာစိုးရတာကြောင့် မြန်မာနိုင်ငံအတွင်းရှိ လက်နက်ကိုင်သူပုန်တွေ လက်နက်ဖျက်သိမ်းစေဖို့ မြန်မာ တပ်မတော် နဲ့ အိန္ဒိယ အစိုးရတပ်ဖွဲ့တွေ ဟာ ဖေဖော်ဝါရီ ၁၇ ရက်နေ မတ် ၂ ရက် အထိ ပူးပေါင်းစစ်ဆင်ရေးတွေလုပ်ခဲ့တယ်လို့ အိန္ဒိယ အခြေစိုက် သတင်းကဖော်ပြပါတယ်။


အိန္ဒိယအစိုးရတပ်ဖွဲ့တွေဟာ စစ်ဆင်ရေးပြုချိန်အတွင်း နယ်စပ်ဖြတ်သန်းခွင့်မပြုခဲ့ဘူးလို့ အိန္ဒိယ သတင်းကဖော်ပြပါတယ်။ အိန္ဒိယအစိုးရ ဟာ စစ်ဆင်ရေးပြုချိန်အတွင်း အိန္ဒိယ နာဂလလန်ဒေသကနေ မဏပူရပြည်နယ်အထိ လုံခြုံရေးတိုးမြင့်ထားတယ်လို့ PTI သတင်းကဖော်ပြပါတယ်။ အိန္ဒိယ အစိုးရတပ်ဖွဲ့တွေနဲ့ မြန်မာတပ်မတော်တို့ ပူးပေါင်း စစ်ဆင်ရေးပြုလုပ်တဲ့ သီတင်းနှစ်ပတ်အတွင်း ရခိုင်ပြည်နယ်အတွင်းရှိ AA လက်နက်ကိုင်အဖွဲ့ စခန်း ၁၀ ခုမှ ၁၂ အထိ ဖျက်ဆီးနိုင်ခဲ့တယ်လို့ thehindu. သတင်းကဖော်ပြပါတယ်။

စစ်ဆင်ရေးမလုပ်ခင် မြန်မာ နဲ့ အိန္ဒိယအစိုးရတပ်ဖွဲ့တို့ဟာ အစည်းအဝေးတွေလုပ်ခဲ့တယ်လို့သိရပါတယ်။ “အိန္ဒိယတပ်ဖွဲ့တွေကို မြန်မာပိုက်နက်အတွင်း ဝင်ရောက်ခွင့်မပြုခဲ့ဘဲ မြန်မာတပ်တော်က တိုက်ထုတ်လိုက်တဲ့ လက်နက်ကိုင်အဖွဲ့တွေကို တိုက်နိုင်ဖို့ နယ်စပ်မှာ အများပြားဖြန့်ချထားခဲ့တယ်။” လို့ အိန္ဒိယ သတင်းအရင်းအမြစ်တွေက ဖော်ပြပါတယ်။
———————————-

EPN





Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။