Trending Now

အမှတ် (၁၁) ခြေမြန်တပ်ရင်းမှ အင်းတော်ကြီးဒေသ အင်းတော်ကြီးမြို့၊ အ.ထ.က(လုံးတုံ) ကျောင်းဝင်း အတွင်း သန့်ရှင်းရေးဆောင်ရွက်

Spread the love

အမှတ် (၁၁) ခြေမြန်တပ်ရင်းမှ အင်းတော်ကြီးဒေသ အင်းတော်ကြီးမြို့၊ အ.ထ.က(လုံးတုံ) ကျောင်းဝင်း အတွင်း သန့်ရှင်းရေးဆောင်ရွက်

EPN
အင်းတော်ကြီး၊ မေ ၂၆

အင်းတော်ကြီးဒေသတွင် အမှတ် (၁၁)ခြေမြန်တပ်ရင်းမှ တပ်မတော်သားများသည် မေလ ၂၆ ရက်၊ နံနက်ပိုင်းက အင်းတော်ကြီးမြို့ အခြေခံအထက်တန်းကျောင်း (လုံးတုံ) ကျောင်းဝင်းပတ်ဝန်းကျင် သန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကချင်ပြည်နယ် မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသ အမှတ် (၁၁)ခြေမြန်တပ်ရင်းမှ ဒုတိယ ဗိုလ်မှူးကြီး ကျော်စွာထွန်း ဦးစီး၍ ဗိုလ်ကြီးဝေယံကျော်နှင့် တပ်မတော်သား ၁၀ ဦး စုစုပေါင်း ၁၂ဦးတို့သည် မေလ ၂၆ ရက် ယနေ့၊ နံနက် ၉နာရီအချိန်မှ ၁၀နာရီခွဲ အချိန်ထိ အင်းတော်ကြီးမြို့ အ.ထ.က(လုံးတုံ) ကျောင်းဝင်း အတွင်း ပေါင်းမြက်များ၊ ချုံနွယ်ပိတ်ပေါင်းများကို ရှင်းလင်းခြင်းနှင့် ကျောင်းဝင်းပတ်ဝန်းကျင် သန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြသည်။

ကျောင်းဖွင့်ချိန်ကာလအတွင်း ကျောင်းသား ကျောင်းသူများနှင့် ဆရာ၊ ဆရာမများ စိတ်လက်ကြည်လင်စွာ သွားလာနိုင်ရေး အတွက် ယခုကဲ့သို့ ဆောင်ရွက်ပေးခဲ့ခြင်း ဖြစ်ကြောင်း ဗိုလ်ကြီးဝေယံကျော်က ပြောသည်။

အမှတ် (၁၁) ခြေမြန်တပ်ရင်းအနေနှင့် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၏ လမ်းညွှန်စီမံမှုဖြင့် အင်းတော်ကြီး ဒေသတွင်းရှိ တိုက်နယ်ဆေးရုံများသို့ COVID-19 ကာကွယ်ရေးအတွက် PPE ဝတ်စုံများ၊ Mask များ ဆေးဝါးများ၊ အာဟာရဖြည့်စွက်စာများ ကူညီထောက်ပံ့ခြင်း၊ ဘုန်တော်ကြီး ကျောင်းမှ ဆရာတော်၊ သံဃာတော်၊ သာမဏေများအား ကျန်းမာရေး စစ်ဆေးပေးခြင်း၊ Mask များ အင်းအားဖြည့် အာဟာရဖြည့်စွက်စာများ လှူဒါန်းပေးခြင်း၊ ဓမ္မာရုံ ဆွမ်းစားဆောင်၊ ကုဋီကျောင်းဆောင်များအား ပိုးသတ်ဆေးများ ဖျန်းပေးခြင်း၊ လှူဖွယ်ဝတ္တုများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

နေကြာ


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။