Trending Now

တရုတ်က ကိုရိုနာဗိုင်းရပ်စ်ဆိုင်ရာ သုတေသနအချက်အလက်များ ခိုးယူနေဟု အမေရိကန် စွပ်စွဲ

Spread the love

တရုတ်က ကိုရိုနာဗိုင်းရပ်စ်ဆိုင်ရာ သုတေသနအချက်အလက်များ ခိုးယူနေဟု အမေရိကန် စွပ်စွဲ

EPN
နိုင်ငံတကာ၊ မေ ၁၄

တရုတ်နိုင်ငံ အမေရိကန်နိုင်ငံ၏ ကွန်ပျူတာများကို ဖောက်ထွင်းပြီး ကိုရိုနာဗိုင်းရပ်စ်နှင့် ပတ်သက်သည့် သုတေသန အချက်အလက်များ ခိုးယူနေကြောင်း အမေရိကန် အထူးစုံစမ်းစစ်ဆေးရေးဗျူရို (အက်ဖ်ဘီအိုင်) က စွပ်စွဲလိုက်သည်။

အက်ဖ်ဘီအိုင်က မေလ ၁၃ ရက်တွင် ကြေညာချက်တစ်ရပ် ထုတ်ပြန်ခဲ့သည်။ တရုတ်နှင့်ဆက်နွယ်သည့် ဆိုက်ဘာလှုပ်ရှားသူများက အမေရိကန်အဖွဲ့အစည်းများရှိ ကွန်ပျူတာများမှ သတင်းအချက်အလက်များ ရယူခဲ့မှု ကို စုံစမ်းစစ်ဆေးနေကြောင်း အက်ဖ်ဘီအိုင်က ပြောကြားခဲ့သည်။

ကွန်ရက်များ၊ ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်သော သုတေသနဆိုင်ရာ လူပုဂ္ဂိုလ်များထံမှ ကာကွယ် ဆေး၊ ကုသမှုနှင့် စမ်းသပ်မှုဆိုင်ရာ အဖိုးတန် အသိဉာဏမူပိုင်ခွင့်နှင့် ပြည်သူ့ကျန်းမာရေး အချက်အလက်များ ဖော်ထုတ်၍ တရားမဝင်ရရှိရန် တရုတ်ဟက်ကာများက ကြိုးပမ်းနေကြောင်း အက်ဖ်ဘီအိုင်က ဆိုသည်။
သုတေသနအဖွဲ့များကို၎င်းတို့၏ကွန်ပျူတာများပေါ်တွင်ဆော့ဝဲလ်များ အဆင့်မြင့်ခြင်းပြုလုပ်ရန်၊ သက် သေခံကတ်ပြားများ စစ်ဆေးမှုများကို ပိုမိုအားကောင်းစေရန်နှင့် အခြားလုံခြုံရေးအစီအမံများ ပြုလုပ်သင့် ကြောင်း အက်ဖ်ဘီအိုင်က တိုက်တွန်းထားသည်။

အက်ဘီအိုင်အဖွဲ့က ဟက်ကာများမှာ မည်သူမည်ဝါဖြစ်သည်ကို ဖော်ထုတ်ပြောဆိုခြင်းမရှိခဲ့ပေ။ တရုတ် နိုင်ငံ၏ ဆိုက်ဘာတိုက်ခိုက်မှုများပြုလုပ်ခြင်းနှင့် သူလျှိုလုပ်ခြင်းများမှာ သိသိသာသာထိခိုက်မှုရှိကြောင်း အမေရိ ကန်သမ္မတ ဒေါ်နယ်ထရန့်က အကြိမ်ကြိမ်ပြောဆိုခဲ့သည်။

အမေရိကန်ဆေးဝါးကုမ္ပဏီတစ်ခုသည် အီရန်ဟက်ကာများ၏ တိုက်ခိုက်မှုကိုခံခဲ့ရသည်ဟု အစီရင်ခံတွင် ဖော်ပြထားသည်။ အဆိုပါကုမ္ပဏီက ရီဒီစီဗာဆေးဝါးကို တီထွင်ခဲ့ခြင်းဖြစ်သည်။ အမေရိကန် ကျန်းမာရေးနှင့် လူ သားရင်းမြစ်ဌာနမှာ ဆိုက်ဘာတိုက်ခိုက်မှုများ၏ ပစ်မှတ်ဖြစ်လာခဲ့ သည်။

အမေရိကန်ပြည်ထောင်စု၏ ထုတ်ပြန်ချက်များမှာ သက်သေများမရှိကြောင်း ဝါရှင်တန်ရှိ တရုတ်သံရုံးက ဝေဖန်ခဲ့သည်။ သုတေသနအချက်အလက်များကို တရုတ်နိုင်ငံအနေဖြင့် ခိုးယူရန် မလိုအပ်ကြောင်း တရုတ်သံရုံး က တွစ်တာပေါ်တွင် ကြေချက်တစ်စောင် ရေးသားခဲ့သည်။

တရုတ်နိုင်ငံသည် ကိုဗစ်-၁၉ ကာကွယ်ဆေးများနှင့် ကုသမှု ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကနေရာမှ ပါဝင်နေခြင်းဖြစ်ကြောင်း တရုတ်သံရုံးက ပြောကြားခဲ့သည်။

–ကိုးကား–
အင်န်အိတ်ချ်ကေ
Ref; US accuses China of stealing research data


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။