Trending Now

သီရိလင်္ကာနိုင်ငံမှာ မိုးခေါင်မှုကြောင့် လယ်ဧက ၄၇,၀၀၀ ကျော် ပျက်စီးခဲ့

Spread the love

သီရိလင်္ကာနိုင်ငံမှာ မိုးခေါင်မှုကြောင့် လယ်ဧက ၄၇,၀၀၀ ကျော် ပျက်စီးခဲ့

EPN
နိုင်ငံတကာ၊ သြဂုတ် ၂၃

သီရိလင်္ကာနိုင်ငံမှာ မိုးခေါင်ရေရှားမှုကြောင့် စပါးစိုက်ဧက ၄၇,၀၀၀ ကျော် ပျက်စီးခဲ့ကြောင်း စိုက်ပျိုးရေးဝန်ကြီး မဟင်ဒါ အမရာဝီဒက ပြောကြားခဲ့ပါတယ်။

ဒါပေမယ့် လက်ကျန်ဆန် လုံလောက်စွာရရှိနိုင်တဲ့အတွင် ပြည်တွင်းဈေးကွက်မှာ ဆန်ပြတ်လပ်မှုဖြစ်ပေါ်လာမှာ မဟုတ်ဘူးလို့ ဝန်ကြီးက သတင်းထောက်တွေကို ပြောပါတယ်။

လက်ရှိရာသီမှာ စပါးစိုက်ဧက ၁,၂၄၂,၉၄၀ ခန့် စိုက်ပျိုးထားပြီး ရိတ်သိမ်းဆဲဖြစ်ကြောင်း ဝန်ကြီးက ဆက်လက်ပြောပါတယ်။ သီရီလင်္ကာနိုင်ငံမှာ စပါးကို ၂ ရာသီစိုက်ပျိုးလေ့ရှိပါတယ်။

သီရိလင်္ကာ မိုးလေဝသဌာနက နိုင်ငံရဲ့ အချို့နေရတွေမှာ နေ့စဉ်မိုးအနည်းငယ်ရွာသွန်းမှုကလွဲလို့ လာမယ့် လကုန်အထိ ခြောက်သွေ့နေဦးမယ်လို့ ခန့်မှန်းထားပါတယ်။

Ref; Xinhua

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။