Trending Now

ပြည်လုံးချမ်းသာဆုတောင်းပြည့် ပရဟိတကျောင်းရှိ ကလေးငယ်များအတွက် အသုံးအဆောင်ပစ္စည်းများ လှူဒါန်း

Spread the love

ပြည်လုံးချမ်းသာဆုတောင်းပြည့် ပရဟိတကျောင်းရှိ ကလေးငယ်များအတွက် အသုံးအဆောင်ပစ္စည်းများ လှူဒါန်း

EPN
မြစ်ကြီးနား၊မေ ၁၄

ကချင်ပြည်နယ်၊မြစ်ကြီးနားမြို့၊ကျွမ်းပင်သာရပ်ကွက်ရှိ ပြည်လုံးချမ်းသာဆုတောင်းပြည့် ပရဟိတကျောင်း ကလေးငယ်များအတွက် အသုံးအဆောင်ပစ္စည်းများ လှုဒါန်းမှုကို ယနေ့ နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့သည်။

ယင်းလှူဒါန်းမှုကို ကချင်အထူးဒေသ (၁) ဆက်ဆံရေးရုံးနှင့်တရုတ်နိုင်ငံထိန်ချုံးမြို့ပင်မချစ်ကြည်ရေးအသင်း ဆက်ဆံရေးရုံးတို့ပူးပေါင်း၍ ဦးခင်မောင်ကျော်၊ဦးယော်ယိန်းနှင့်ဦးတွမ်ပီချင်း တို့မှလှူဒါန်းခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

“ဒီက ကလေးတွေကအရမ်းသနားဖို့ကောင်းပါတယ်။တစ်ချို့မိဘနှစ်ပါးလုံးမရှိတဲ့ကလေးတွေရှိသလို တစ်ချို့ကလေးကျတော့လည်း မိဘတွေရှိပေမယ့် ဆင်းရဲလွန်းလို့ ဒီကိုပို့ထားတဲ့ကလေးတွေရှိတယ်။တစ်ချို့ကျတော့လည်း မိထွေးတို့ပထွေးတို့နဲ့ နေရတာအဆင်မပြေလို့ ရောက်လာတဲ့ကလေးတွေရှိတယ်။ဘယ်လိုပဲဖြစ်ဖြစ် ကလေးတွေကိုစောင့်ရှောက်ရမှာက ဆရာတော်တို့တာဝန်ပဲ။ခုလိုခက်ခဲတဲ့ကလေးတွေကို လှူဒါန်းတာကလည်း အလွန်မွန်မြတ်တဲ့ကုသိုလ်ပါပဲ” ဟု ပြည်လုံးချမ်းသာဆုတောင်းပြည့် ပရဟိတကျောင်းဆရာတော် ဦးသုတက မိန့်ကြားသည်။

အဆိုပါလှူဒါန်းမှုအဖြစ် ခြင်ထောင်အဖြူ၊ခေါင်းအုံး၊အိပ်ရာခင်းအပွ၊လူကြီးဝတ်ဂျင်းဘောင်းဘီ၊မိန်မဝတ်အိကျ်ီ (နွေရာသီဝတ်၊အပါး)၊ကလေးနွေရာသီဝတ်အိကျ်ီ၊ကလေးလသားဝတ်အိကျ်ီဝမ်းဆက်၊ကလေးမိုးစီးဖိနပ်၊ကလေးဆောင်းတွင်းစီးဖိနပ်၊မိုးစီးကွင်းထိုးဖိနပ်၊ကလေးစတော်ကင်၊ကျားစီးဘောဖိနပ်၊ကလေးဆောင်းထီး၊ကလေးနို့ဘူးနှင့်ကလေးရေဘူးတို့ကို လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

ယင်း ပြည်လုံးချမ်းသာဆုတောင်းပြည့် ပရဟိတကျောင်းကို ၁၉၅၄ခုနှစ်က စတင်တည်ထောင်ခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် ကလေးငယ် ၄၆ယောက်ကို ပညာသင်ကြားပေးလျက်ရှိကြောင်း သိရသည်။

ဇက်ကေ


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။