Trending Now

ဖေ့ဘုတ်က ကုလကို မြန်မာ-ရိုဟင်ဂျာအရေးနဲ့ ပတ်သက်တဲ့ အချက်အလက်တွေပေး

Spread the love

ဖေ့ဘုတ်က ကုလကို မြန်မာ-ရိုဟင်ဂျာအရေးနဲ့ ပတ်သက်တဲ့ အချက်အလက်တွေပေး

EPN
နိုင်ငံတကာ၊ စက်တင်ဘာ ၁၅

မြန်မာက ရိုဟင်ဂျာတွေအပေါ် ကာလကြာရှည် ကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုနဲ့ ပတ်သက်ပြီး ဖြစ်နိုင်ခြေရှိတဲ့ အချက်အလက်တွေကို ဖေ့စ်ဘုတ်က ကုလသမဂ္ဂကို ပေးအပ်ထားတယ်လို့ အီကိုနိုတိုင်းမ် သတင်းဌာနက မနေ့က ဖော်ပြခဲ့ပါတယ်။

ရိုဟင်ဂျာအရေးနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုလုပ်နေတဲ့ ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေး အကြီးအကဲ Nicholas Koumijan က စစ်ရာဇဝတ်မှုတွေနဲ့ လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ စွပ်စွဲချက်တွေကို ပံပိုးပေးနိုင်တဲ့ အချက်အလက်တွေကို ဖေ့စ်ဘုတ်က ထောက်ပံ့ထားတယ်လို့ သတင်းထောက်တွေကို တနင်္လာနေ့က ပြောဆိုခဲ့တာပါ။

ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေး အကြီးအကဲ Nicholas Koumijan က တရားရေးရာအဏာပိုင်တွေနဲ့ မျှဝေဖို့ရည်ရွယ်ထားတဲ့ အထောက်အထား ၆၇ ခုကို ရရှိထားတယ်လို့ ပြောပါတယ်။

စစ်တပ်က ရိုဟင်ဂျာတွေကို ၂၀၁၇ ခုနှစ်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးဖို့ အတင်းအကျပ်တွန်းအားပေးခဲ့တယ်ဆိုတဲ့ စွဲချက်တွေကို ကုလရဲ့ လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ယန္တရား (IMM) က စုံစမ်းစစ်ဆေးနေပါတယ်။

ဖေ့စ်ဘုတ်ကလည်း ရိုဟင်ဂျာတွေအပေါ် ကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုတွေမှာ တာဝန်ရှိသူတွေကို တာဝန်ခံဖို့ နိုင်ငံတကာရဲ့ ကြိုးပမ်းမှုတွေကို ထောက်ခံတယ်လို့ ပြောဆိုထားပါတယ်။

၂၀၁၈ ခုနှစ်တုန်းကလည်း ဖေ့စ်ဘုတ်ဟာ မြန်မာနိုင်ငံအတွင်းမှာ အကြမ်းဖက်မှုတွေကို လှုံ့ဆော်ပေးတဲ့ အမုန်းစကားတွေ ကို ပြန့်ပွားစေခဲ့ပါတယ်။ လက်ရှိအချိန်မှာတော့ အမုန်းစကားတွေကို တားဆီးဖို့ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

— ကိုးကား —
econotime
ref; Facebook provided information on potential war crimes

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။