Trending Now

ရေကြည်မြို့နယ် ရေနံ့သာကျေးရွာတွင် မီးလောင်မှုဖြစ်ပွား၍ နေအိမ် ၃ လုံးမီးလောင်ဆုံးရှုံး

Spread the love

ရေကြည်မြို့နယ် ရေနံ့သာကျေးရွာတွင် မီးလောင်မှုဖြစ်ပွား၍ နေအိမ် ၃ လုံးမီးလောင်ဆုံးရှုံး
EPN
ရေကြည်၊ ဖေဖော်ဝါရီ ၂၄
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်ရေကြည်မြို့နယ် ရေနံ့သာကျေးရွာအုပ်စု၊ ရေနံ့သာကျေးရွာတွင် ဖေဖော်ဝါရီ၂၃ ရက် နေ့လယ် ၁ နာရီကျော်ကနေအိမ်မီးဖို မီးကြွင်းမီးကျန်မှတစ်ဆင့် မီးလောင်ကျွမ်းမှုဖြစ်ပွား၍ နေအိမ် (၃)လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်း ရေကြည်မြို့နယ် မီးသတ်ဦးစီးဌာနမှ သိရသည်။
အဆိုပါ မီးလောင်ကျွမ်းမှုဖြစ်ပွားသည့် နေရာကို မီးငြိမ်းသတ်ယာဉ်(၂)စီး၊ ရေသယ်ယာဉ်(၂)စီး၊ ရေဂါလံ ၇၀၀၀ ခန့် အသုံးပြုသွားရောက်ငြှိမ်းသတ်ခဲ့ပြီး အခြားအိမ်များကို ဆက်လက်မီးကူးစက်လောင်ကျွမ်းခြင်းမရှိဘဲ ထိန်းနိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါ မီးလောင်မှုကြောင့်ရေနံ့သာကျေးရွာအုပ်စု၊ ရေနံ့သာကျေးရွာနေ ဦးသိန်းဇော်လင်း၏ နေအိမ်မီးဖိုမီးကြွင်းမီးကျန်မှတစ်ဆင့် စတင်မီးလောင်ကျွမ်းခဲ့ပြီး ဘေးအိမ်နီးချင်းဖြစ်သည့် ဦးရဲထွန်းနေအိမ်နှင့် ဒေါ်ကလေးမကြည်နေအိမ်မီးတို့ပါမီးကူးစက်လောင်ကျွမ်းခဲ့ကြောင်းမီးလောင်မှုကြောင့် မီးစတင်လောင်ကျွမ်းမှုဖြစ်ပွားသည့် ဦးသိန်းဇော်လင်း၏ နေအိမ်အပါ နေအိမ်(၃)မီးလောင်ဆုံးရှုံးခဲ့ရခြင်း ဖြစ်သည်။
အဆိုပါ မီးလောင်မှုကြောင့်ဦးသိန်းဇော်လင်း၏ အလျား ၂၀ ပေ အနံ ၂၀ ပေ ဓနိမိုး ဝါးကြမ်းခင်း ဓနိကာနေအိမ်၊ ဦးရဲထွန်းနေ၏ အလျား ၂၀ ပေအနံ ၂၀ ပေသွပ်မိုးပျဉ်ခင်း ပျဉ်ကာနေအိမ်နှင့် ဒေါ်ကလေးမကြည် ၏ အလျား ၂၀ ပေ အနံ ၂၀ ပေသွပ်မိုးပျဉ်ခင်း ပျဉ်ကာတို့မီးလောင်ဆုံးရှုံးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
”မီးလောင်ကျွမ်းမှုဖြစ်စဉ်ကမှန်တယ်။ မီးပေါ့ဆစ္စာသုံးစွဲသူကို သက်ဆိုင်ရာ နယ်မြေစခန်းမှာ ဥပဒေနဲ့အညီ အမှုဖွင့် အရေးယူထားတယ်။”ဟု ရေကြည်မြို့နယ် မီးသတ်ဦးစီးဌာနမှ တာဝန်ရှိတစ်ဦးက အတည်ပြုသည်။
အဆိုပါ မီးလောင်ကျွမ်းမှုကြောင့် လူနှင့်တိရိစ္ဆာန်များ ထိခိုက်ဒဏ်ရာသေဆုံးမှုမရှိကြောင်း၊ ကာလတန်ဖိုး စုစုပေါင်းငွေကျပ် ၁၄ သိန်းခန့်ဆုံးရှုံးခဲ့ကြောင်း မီးအားပေါ့ဆစွာ အသုံးပြုသူ ဦးသိန်းဇော်လင်းကို ရေကြည်မြို့နယ်၊ ကုန်းပြင်နယ်မြေရဲစခန်းတွင်
ဥပဒေနဲ့အညီအရေးယူထားကြောင်း ရေကြည်မြို့နယ် မီးသတ်ဦးစီးဌာနမှ သိရသည်။
သူရ

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။