Trending Now

အိန္ဒိယနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် တစ်ရက်အတွင်း လူ ၂၀၀၀ ကျော် စံချိန်တင် သေဆုံး

Spread the love

အိန္ဒိယနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် တစ်ရက်အတွင်း လူ ၂၀၀၀ ကျော် စံချိန်တင် သေဆုံး

EPN
နိုင်ငံတကာ၊ ဇွန် ၁၇

အိန္ဒိယနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် ယနေ့ လူ ၂၀၀၀ ကျော် ထပ်မံသေဆုံးခဲ့ရာ သေဆုံးသူ စုစု ပေါင်း ၁၁၉၀၃ ဦးအထိ ရှိလာခဲ့ပြီဟု သိရသည်။

မွမ်ဘိုင်းမြို့တော်တွင် ယနေ့ ကိုရိုနာဗိုင်းရပ်စ်လူနာ ၈၆၂ ဦး သေဆုံးခဲ့ရာ စုစုပေါင်း သေဆုံးသူ ၃၁၆၅ ဦးအထိ မြင့်တက်လာခဲ့သလို ဒေလီမြို့တော် တွင် လူ ၄၀၀ ကျော် ထပ်မံ သေဆုံးခဲ့ရာ သေဆုံးလူနာ ၁၈၀၀ ကျော် ရှိလာခဲ့ပြီဖြစ်သည်။

အိန္ဒိယနိုင်ငံရှိ လူနေထူထပ်ရာ မြို့တော်ကြီးများတွင် ကိုဗစ်-၁၉ ကပ်ရောဂါ ဆိုးရွားစွာ ဖြစ်ပွားနေပြီး ချန်နိုင်းမြို့တော်က ကူးစက်မှု မြင့်တက်လာခြင်းကြောင့် ပြီးခဲ့သည့် သောကြာနေ့မှစ၍ အဝင်အထွက်ပိတ်ဆို့မှု ထပ်မံပြုလုပ်ခဲ့သည်။

နိုင်ငံ့စီးပွားရေးအပေါ် ထိခိုက်မှုများကြောင့် အဝင်အထွက် ပိတ်ဆို့မှုများကို တစ်ဖြည်းဖြည်း ဖြေလျော့ လျက်ရှိသည်။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုအရ ကမ္ဘာပေါ်တွင် စတုတ္ထအဆင့်ရှိသည့် အိန္ဒိယနိုင်ငံတွင် ဓာတ်ခွဲအ တည်ပြု ကူးစက်မှု ၃၅၄၀၆၅ မှုရှိကြောင်း တရားဝင် အချက်အလက်များအရ သိရသည်။

ဗိုင်းရပ်စ် စမ်းသပ်မှုများ ပိုမိုကျယ်ပြန့်စွာလုပ်ဆောင်ရန် ကျွမ်းကျင်သူများက တောင်းဆိုလျက်ရှိသည်။ ဆေးရုံအများစုက ကိုရိုနာဗိုင်းရပ်စ်လူနာများ ကုသပေးရန် မနိုင်ဝန်ထမ်းနေရသည်။

အိန္ဒိယနိုင်ငံတွင် အဝင်အထွက်ပိတ်ဆို့မှုများ တစ်ဖြည်းဖြည်း ဖြေလျော့လျက်ရှိသော်လည်း ကူးစက်မှုအ ရေအတွက်မှာ မြင့်တက်နေဆဲဖြစ်သည်။

–ကိုးကား–
NDTV
Ref; India Sees Record Jump Of 2,000 Dead, Germany Advises Citizens To Leave


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။