Trending Now

ဝူဟန်မြို့တော် အဝင်၊အထွက်ပိတ်ထားမှုကို ဧပြီလ ၈ ရက်တွင် တရုတ် ရုတ်သိမ်းမည်

Spread the love

ဝူဟန်မြို့တော် အဝင်၊အထွက်ပိတ်ထားမှုကို ဧပြီလ ၈ ရက်တွင် တရုတ် ရုတ်သိမ်းမည်

EPN
နိုင်ငံတကာ မတ် ၂၄

တရုတ်အာဏာပိုင်များက ကိုရိုနာဗိုင်းရပ်စ် စတင်ဖြစ်ပွားခဲ့ရာ ဝူဟန်မြို့၌ လချီ ကြာမြင့်နေပြီဖြစ်သည့် အဝင်၊အထွက်ပိတ်ထားမှုကို ဧပြီလ ၈ ရက်တွင် ရုတ်သိမ်းမည်ဟု ဒေသန္တရမီဒီယာများက ယနေ့ ဖော်ပြလိုက် သည်။

ဝူဟန်မြို့တော်ပါဝင်သည့် ဟူပေပြည်နယ်မှ ဒေသခံအာဏာပိုင်များက ဒေသတွင်း လှုပ်ရှားမှုကန့်သတ် ချက်များ ဖြေလျော့ပေးမှုနှင့်ပတ်သက်၍ စည်းမျဉ်းများ ကြေညာခဲ့ကြောင်း ဆင်ဟွာသတင်းဌာန၏ ဖော်ပြချက် အရ သိရသည်။

တရုတ်ပြည်မကြီးတွင် လူပေါင်း ၃၃၀၀ နီးပါး သေဆုံးခဲ့ပြီး ၈၁၀၀၀ ကျော် ကူးစက်ခံခဲ့ရသည့် ကိုဗစ်-၁၉ ပျံ့နှံ့မှုရပ်တန့်ရန် ဇန်နဝါရီလ ၂၃ ရက်တွင် တရုတ်အာဏာပိုင်များက လူဦးရေ ၁၁ သန်းနေထိုင်ရာ ဝူဟန်မြို့၌ အဝင်၊အထွက်ပြုလုပ်ခွင့် ပိတ်ပင်ခဲ့သည်။

ဝူဟန်မြို့တော်တွင် ပြီးခဲ့သောငါးရက်အတွင်း ကိုဗစ်-၁၉ ကူးစက်မှုမရှိခဲ့ခြင်းကြောင့် အဝင်၊အထွက်ပြု လုပ်ခွင့် ပိတ်ပင်ထားမှုရုတ်သိမ်းရန် ဆုံးဖြတ်ခြင်းဖြစ်သည်။ သို့သော်လည်း ဝူဟန်မြို့တော်၌ ယနေ့ ကိုဗစ်-၁၉ ကူးစက်မှုသစ်တစ်ခု ရှိခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလတွင် တရုတ်နိုင်ငံ၊ ဝူဟန်မြို့တော်၌ စတင်ဖြစ်ပွားခဲ့သည့် ကိုဗစ်-၁၉ ကူးစက် ရောဂါမှာ ကမ္ဘာ့တိုင်းပြည်နှင့် ဒေသကြီး ၁၆၈ ခုသို့ ပျံ့နှံ့သွားခဲ့ကြောင်း အမေရိကန်အခြေစိုက် ဂျွန်ဟော့ကင်း တက္ကသိုလ်မှ ပြုစုထားသည့် အချက်အလက်များအရ သိရသည်။

ကမ္ဘာတစ်ဝန်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ၃၈၁၄၉၉ ရှိပြီး သေဆုံးသူ ၁၆၅၀၀ ခန့်ရှိကာ ပြန်လည်သက် သာလာသူ ၁၀၁၀၀၀ ခန့်ရှိကြောင်း သိရသည်။

–ကိုးကား–အနာဒိုလူ
Ref; China to lift Wuhan lockdown on April 8


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။