Trending Now

Kpay အကောင့်များ ယာယီပိတ်သိမ်းခံရမှုများကြောင့် အွန်လိုင်းဈေးရောင်းချသူများ ငွေလက်ခံခြင်း၊ ငွေရှင်းလင်းခြင်းများပြုလုပ်ရာတွင် အခက်အခဲဖြစ်

Spread the love

Kpay အကောင့်များ ယာယီပိတ်သိမ်းခံရမှုများကြောင့် အွန်လိုင်းဈေးရောင်းချသူများ ငွေလက်ခံခြင်း၊ ငွေရှင်းလင်းခြင်းများပြုလုပ်ရာတွင် အခက်အခဲဖြစ်

EPN
မြစ်ကြီးနား၊ စက်တင်ဘာလ ၂၂

Kpay အကောင့်များယာယီပိတ်သိမ်းခံရမှုများ ဖြစ်ပေါ်ပြီးနောက် အွန်လိုင်းဈေးရောင်းချသူများအနေဖြင့် ငွေလက်ခံခြင်းများ၊ ငွေရှင်းလင်းခြင်းများပြုလုပ်ရာတွင် စိုးရိမ်မှုများနှင့်အတူ အဆင်မပြေမှုများ ဖြစ်ပေါ်နေကြောင်း ကချင်ပြည်နယ်အတွင်းရှိ အွန်လိုင်းဈေးရောင်းချနေသူများထံမှ သိရသည်။

ယခင်က အွန်းလိုင်းစနစ်ဖြင့် ဈေးရောင်းချရာတွင် Kpay အကောင့်ဖြင့် ငွေလက်ခံခြင်း ငွေရှင်းလင်းခြင်းများ ပြုလုပ်နေကြပြီး ယခုကဲ့သို့ ပိတ်သိမ်းခံရမှုများကြောင့် နယ်ဝေးဈေးဝယ်သူများအတွက် ငွေလက်ခံခြင်း၊ငွေရှင်းခြင်းများပြုလုပ်ရာတွင်းလည်း အခက်အခဲများဖြစ်ပေါ်လာကြောင်း Kpay အကောင့်ယာယီပိတ်သိမ်းခံရသူ၊ အွန်လိုင်းဈေးရောင်းချနေသူတစ်ဦးကပြောသည်။

“မနေ့က ဖြစ်သွားတာ အကောင့်က ငွေရှင်းလို့မရပဲ ငြင်းပယ်နေတယ်ပဲ ပြပြနေတာ၊ နောက်မှ Online မှာတက်လာကြတာ KBZ pay တွေ တော်တော်များများ ယာယီပိတ်ထားခံနေရတာတွေ့ရတယ်၊ အဲ့လိုဖြစ်သွားတော့ ကျမတို့လို Online Shop သမားတွေအနေနဲ့ အတော်လေးခက်ခဲကြတယ်၊ အစထဲက ဒီ Kpay နဲ့ပဲ ဈေးရောင်းဈေးဝယ်တွေပြုလုပ်ကြတာလေ၊ အခုလို အကောင့်တွေပိတ်တော့ အဆင်မပြေဘူးပေါ့”ဟု ၎င်းကပြောသည်။

အဆိုပါ အကောင့်ယာယီပိတ်သိမ်းခံရမှုများကြောင့် အွန်လိုင်းဈေးရောင်းရာတွင် Kpay စနစ်ဖြင့် ငွေရှင်းခြင်းများထပ် ငွေသားဖြင့်ရှင်လင်းခြင်းကိုသာ ဦးစားပေးဆောင်ရွက်သွားရန်ပြင်ဆင်နေကြပြီး ယင်းကဲ့သို့ ပြသနာများကြောင့် Kpay အသုံးပြုသူများနည်းပါးလာနိုင်ကြောင်း မြစ်ကြီးနားမြို့နယ်တွင်းနေထိုင်နေသည့် Kpay အသုံးပြုသူတစ်ဦးကပြောသည်။

“Kpay သုံးတာက အခုလို ခိုးဆိုးလုနှိုက်ပေါတဲ့ကာလတွေမှာ ငွေသားတွေကိုင်ပြီး သွားလာမှုတွေ မလုပ်ချင်လို့ အသုံးပြုကြတာ၊ အခုလို အကောင့်တွေပိတ်ခံရတော့ သုံးဖို့တောင် စဉ်းစားလာရတယ်၊ Online shop သမားတွေလည်း အခုနောက်ပိုင်း Kpay တွေအသုံးပြုတာနည်းလာပြီ၊ ဒီလိုတွေသာ ဆက်ဖြစ်နေမယ်ဆိုင် Kpay အသုံးပြုပြီး ငွေရှင်းလင်းတာတွေ ပြုလုပ်တဲ့သူတွေ၊ အသုံးပြုသူတွေ နည်းလာနိုင်တယ်၊” ဟု ၎င်းကပြောသည်။

Kpay အကောင့်များ ယာယီအသုံးပြုမှု တားမြစ်ခံရသည့် အကောင့်ပိုင်ရှင်များအနေဖြင့် ဗဟိုဘဏ်သို့ တိုက်ရိုက်တင်ပြနိုင်ကြောင်း KBZpay မှ စက်တင်ဘာလ (၂၁)ရက်နေ့က သတင်းထုတ်ပြန်ထားသည်။

လက်ရှိအချိန်တွင် ငွေရေးကြေးရေးကဏ္ဍ ကြီးကြပ်ရေးအဖွဲ့အစည်း၏ ညွှန်ကြားချက်အရ Kpay အကောင့်အ ချို့အား ယာယီ အသုံးပြုခွင့် ပိတ်ပင်ခဲ့ပြီး Kpay အသုံး ပြုသူများအကြား စိုးရိမ်မှုများ မြင့်တက်စေခဲ့သည့်အ တွက် တောင်းပန်ကြောင်းပြောဆိုထားသည်။

Kpay အပါအဝင် မိုဘိုင်း ငွေပေးချေရေးအစီအစဉ်များ အသုံးပြုသည့် ပြည်သူများအနေဖြင့် မိမိတို့၏ အကောင့်များအား ကိုယ်ရေးကိုယ် တာ အချက်အလက်များ မှန်ကန်စွာ ဖြည့်စွက်ပြီး အဆင့်မြှင့်တင်ရန် ဗဟိုဘဏ်က ညွှန်ကြားထားခြင်း ဖြစ်သည်။

ဗညားနွဲ့

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။