Trending Now

အလုပ်ကိစ္စကြောင့် နေအိမ်မှထွက်သွားသူကို ဓားဒဏ်ရာများဖြင့် သေဆုံးလျက် ပြန်လည်တွေ့ရှိ

Spread the love

အလုပ်ကိစ္စကြောင့် နေအိမ်မှထွက်သွားသူကို ဓားဒဏ်ရာများဖြင့် သေဆုံးလျက် ပြန်လည်တွေ့ရှိ

EPN
သထုံ၊ မတ် ၃၀ (၂၀၂၄)

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် အလုပ်ကိစ္စကြောင့် နေအိမ်မှထွက်သွားသူကို ယနေ့ (မတ် ၃၀ ရက်)၊ နံနက်ပိုင်းတွင် ဓားဒဏ်ရာများဖြင့် သေဆုံးလျက် ပြန်လည်တွေ့ရှိခဲ့ကြောင်း ပီတိနှလုံးသားလူမှုကူညီရေး အသင်းထံမှ သိရသည်။

သထုံမြို့နယ်၊ သုဝဏ္ဏဝတီမြို့၊ သိမ်ဆိပ်သာသနာလမ်းနေ ကိုရဲဝင်းထွန်း (၄၃)နှစ်သည် ပြီးခဲ့သည့် မတ် ၂၉ ရက်၊ နံနက်ပိုင်းက အလုပ်ကိစ္စကြောင့် နေအိမ်မှထွက်သွားပြီးနောက် ပြန်လည်ရောက်ရှိလာခြင်းမရှိဘဲ ပျောက်ဆုံးသွားခဲ့ကြောင်း သိရသည်။

ယင်းကဲ့သို့ ပျောက်ဆုံးသွားခဲ့သဖြင့် မိသားစုဝင်များက ကူညီရှာဖွေပေးပါရန် ပီတိနှလုံးသား လူမှုကူညီရေးအသင်းထံလာရောက်အကူအညီ တောင်းခံခဲ့၍ အသင်းဝင်များနှင့် မိသားစုဝင်များက ရှာ ဖွေမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ပျောက်ဆုံးနေသည့် ကိုရဲဝင်းထွန်းအား ယနေ့၊ နံနက် ၄ နာရီခွဲခန့်တွင် သုဝဏ္ဏဝတီမြို့ရှိ လမ်းဘေးတစ်ခု၏ ရေမြောင်းအတွင်း၌ ဓားဒဏ်ရာ အများအပြားရရှိကာ သေဆုံးနေသည်ကို တွေ့ရှိခဲ့ရကြောင်း သိရသည်။

ဖြစ်စဥ်အား သက်ဆိုင်ရာ ရဲတပ်ဖွဲ့စခန်းမှတာဝန်ရှိသူများက လာရောက်စစ်ဆေး၍ ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးအတွက် အမှုဖွင့်လှစ်ခဲ့ပြီး၊ ရုပ်အလောင်းကို ပီတိနှလုံးသား လူမှုကူညီရေးအသင်းမှ သိမ်ဆိပ်တိုက်နယ်ဆေးရုံ ရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ကျော်စိုးသူ


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။