Trending Now

အိန္ဒိယနိုင်ငံမှာ ပေ ၂၀၀ အမြင့်ရှိတဲ့ အမှိုက်တောင် မီးလောင်နေလို့ တောင်အာရှမှာ အပူရှိန် လွန်ကဲနေ

Spread the love

အိန္ဒိယနိုင်ငံမှာ ပေ ၂၀၀ အမြင့်ရှိတဲ့ အမှိုက်တောင် မီးလောင်နေလို့ တောင်အာရှမှာ အပူရှိန် လွန်ကဲနေ

EPN

နိုင်ငံတကာ၊ ဧပြီ ၂၉

အိန္ဒိယနိုင်ငံမှာရှိတဲ့ မီတာ ၆၀ ( ပေ ၂၀၀ ) အမြင့်ရှိတဲ့ အမှိုက်တောင် မီးလောင်နေလို့ တောင်အာရှမှာ အပူရှိန် လွန်ကဲနေတယ်လို့ သိပ္ပံပညာရှင်တွေက ဆိုပါတယ်။

နယူးဒေလီမြို့ရှိ အမှိုက်တောင်ကြီးဟာ ဧပြီလ ၂၆ ရက်နေ့ ကတည်းက မီးစတင်လောင်ကျွမ်းခဲ့တာဖြစ်ပြီး မီးသတ်အဖွဲ့များဟာ ကုန်တင်ကားကြီးများဖြင့် သဲများ၊ ရွှံ့များနဲ့ ငြှိမ်းသတ်နေခဲ့ရတယ်လို့ ဆိုပါတယ်။

အဆိုပါမီးလောင်ကျွမ်းမှုဟာ တစ်လအတွင်း စတုတ္ထမြောက်လောင်ကျွမ်းမှုဖြစ်ပြီး လူသန်းပေါင်း ၂၀ ရှိတဲ့ အနီးနားရှိခရိုင်များကို အဆိပ်အတောက် အနက်ရောင် မီးခိုးငွေ့တွေနဲ့ ဖုံးလွမ်းသွားခဲ့ပါတယ်။

မီးလောင်နေတဲ့ အမှိုက်ပုံကြီးကြောင့် ဒေသ အပူချိန် ၄၅ ဒီဂရီ စင်တီဂရိတ် (၁၁၃ ဖာရင်ဟိုက်) ကို ဖြတ်ကျော်ကာပုံမှန်ထက် ဒီဂရီများစွာ မြင့်မားနေပြီး ယခုသီတင်းပတ်ကုန်တွင် ပိုပူလာမယ်လို့ ခန့်မှန်းထားပါတယ်။

အိန္ဒိယနိုင်ငံမှာ ၂၀၁၀ ခုနှစ်နောက်ပိုင်း အပူလှိုင်းများကြောင့် လူပေါင်း ၆၅၀၀ ကျော် သေဆုံးခဲ့ပြီး တောင်အာရှတခွင်မှာလည်း ရာသီဥတု ဖောက်ပြန်မှုတွေ ပိုမိုပြင်ထန်လာတယ်လို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။

အပှုရှိန်ကြောင့် အိန္ဒိယနိုင်ငံရှိ ပြည်နယ်အများစုမှာ လေအေးပေးစက် အသုံးပြုမှု တဟုန်ထိုး မြင့်တက်လာလို့ အလုပ်ရုံ၊ စက်ရုံများကို လျှပ်စစ်မီး ဖြတ်တောက်ခဲ့ရပါတယ်။

လူဦးရေ ၁.၄ ဘီလီယံရှိတဲ့နိုင်ငံမှာ လျှပ်စစ်ဓာတ်အား အဓိကအရင်းအမြစ်ဖြစ်တဲ့ ကျောက်မီးသွေး ဓာတ်အားပေးစက်ရုံများဟာလဲ ပြတ်တောက်မှုနဲ့ ရင်ဆိုင်နေရတယ်လို့ မီဒီယာများက ဖော်ပြထားပါတယ်။

ယခုနှစ်အတွင်း ပြင်းထန်တဲ့ အပူချိန်ကြောင့် နိုင်ငံအတွင်း ပြည်သူ့ကျန်းမာရေးနဲ့ စိုက်ပျိုးရေးကဏ္ဍတွေမှာ ပြင်းထန်တဲ့ ခြိမ်းခြောက်မှုအများအပြားနဲ့ ရင်ဆိုင်ရာလိမ့်မယ်လို့ အန္ဒိယနိုင်ငံ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ဝန်ကြီး ကပြောကြားခဲ့ပါတယ်။

Source – Bangkokpost
Ref; South Asia wilts in heat as Delhi rubbish dump burns

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။