Trending Now

မှော်ပုံကျေးရွာအနီးတိုက်ပွဲပြင်းထန်လာမှုကြောင့် ကျေးရွာအတွင်းမှ ဒေသခံများကို ဘေးလွတ်ရာသို့ပြောင်းရွှေ့နေထိုင်ရန် သက်ဆိုင်ရာမှ သတိပေး

Spread the love

မှော်ပုံကျေးရွာအနီးတိုက်ပွဲပြင်းထန်လာမှုကြောင့် ကျေးရွာအတွင်းမှ ဒေသခံများကို ဘေးလွတ်ရာသို့ပြောင်းရွှေ့နေထိုင်ရန် သက်ဆိုင်ရာမှ သတိပေး

EPN
မြစ်ကြီးနား၊ဒီဇင်ဘာလ ၇

ကချင်ပြည်နယ် ဖားကန့်မြို့နယ် မှော်ပုံကျေးရွာ အနီးတွင် ဒီဇင်ဘာလ (၅)ရက်နေ့ ကစတင်ကာ တပ်မတော်နှင့် KIA/PDF ပူးပေါင်းအဖွဲ့တို့ကြား တိုက်ပွဲများဖြစ်ပွားခဲ့ပြီး ယင်းတိုက်ပွဲ ပြင်းထန်လာမှုကြောင့် မှော်ပုံကျေးရွာမှဒေသခံများကို ဘေးလွတ်ရာသို့ပြောင်းရွှေနေထိုင်ကြရန် သက်ဆိုင်ရာ တပ်ဖွဲ့ဝင်များမှ ပြောကြားထားကြောင်းဒေသခံများထံမှသိရသည်။

အဆိုပါ တိုက်ပွဲမှာ မှော်ပုံကျေးရွာ အထက်ဘက် တွင် ဖြစ်ပွားနေကာ ယင်းတိုက်ပွဲကြောင့် လက်နက်ကြီးများ ကျေးရွာအတွင်းကျရောက်မှုများဖြစ်ပေါ်ခဲ့ပြီး ကျေးရွာအတွင်းရှိ ဒေသခံများကို ဘေးလွတ်ရာသို့ ပြောင်းရွေ့ရန်
သက်ဆိုင်ရာမှ ညွှန်ကြားထားကြောင်း မှော်ပုံကျေးရွာနေဒေသခံတစ်ဦးကပြောသည်။

“ တိုက်ပွဲက (၅)ရက်နေ့ ညနေလောက်ကစဖြစ်တာ၊ (၆)ရက်နေ့ကလည်း ကျေးရွာထဲ လက်နက်ကြီးကျတယ်၊ လက်နက်ကြီး(၂)လုံးကျတာ၊ ကျေးရွာက အမျိုးသားတစ်ယောက် ခြေထောက်ထိသွားခဲ့တယ်၊(၆)ရက်နေ့ ညပိုင်းတုန်းကလဲ ပစ်ခတ်သံတွေကြားရတယ်၊ အခုမနက်ပိုင်းမှာတော့ ငြိမ်သွားတယ်၊ သင်ဆိုင်ရာက ဘေးလွတ်ရာကိုရွှေ့ပေးကြဖို့ (၆)ရက်နေ့ ညနေ လောက်ကလာပြောတယ်၊ ကျေးရွာထဲကတော့ တော်တော်များများရွှေ့နေကြတယ်၊” ဟု ၎င်းကပြောသည်။

လက်ရှိတွင် ကျေးရွာအတွင်းနေထိုင်နေကြသည့် ဒေသခံ(၂၀၀)ခန့်မှာ ဘေးလွတ်ရာကျေးရွာများသို့ ပြောင်းရွှေ့နေထိုင်နေကြပြီး အများစုမှာ လုံးခင်းကျေးရွာဘက်သို့ ထွက်ပြေးတိမ်းရှောင်နေကြကြောင်းသိရသည်။

ဒီဇင်ဘာလ (၆)ရက်နေ့ကလည်း မှော်ပုံကျေးရွာအတွင်း လက်နက်ကြီးနှစ်လုံးကျရောက်ပေါက်ကွဲခဲ့ ကာကျေးရွာနေ အမျိုးသားတစ်ဦး ခြေထောက်တွင် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး မြစ်ကြီးနားမြို့ပြည်သူ့ဆေးရုံကြီးသို့ ပိုဆောင်ထားကြောင်းသိရသည်။

အလားတူ နိုဝင်ဘာလ (၂၃)ရက်နေ့ကလည်း သောင်းကော့ ကျေးရွာအနီး တပ်မတော်နှင့် KIA/PDF ပူးပေါင်းအဖွဲ့တို့ကြား တိုက်ပွဲများဖြစ်ပွားမှုကြောင့် ဒေသခံ ပြည်သူ (၂၀၀)ခန့်မှာ ဘေးလွတ်ရာ ဆိပ်မူကျေးရွာသို့ ပြောင်းရွှေ့ခဲ့ရပြီး လက်ရှိတွင် နေရပ်သို့ ပြန်လည်နေထိုင်နေကြပြီဖြစ်ကြောင်းသိရသည်။
ဗညားနွဲ့


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။