Trending Now

ဧရာဝတီတိုင်းတွင် စက်လှေမှောက်၍ သေဆုံးနေသော ဘင်္ဂါလီ ၁၇ ဦးနှင့် အသက်ရှင်သူ ၃၀ ဦးကို ကယ်ဆယ်ထား

Spread the love

ဧရာဝတီတိုင်းတွင် စက်လှေမှောက်၍ သေဆုံးနေသော ဘင်္ဂါလီ ၁၇ ဦးနှင့် အသက်ရှင်သူ ၃၀ ဦးကို ကယ်ဆယ်ထား

EPN
ပုသိမ်၊ မေလ ၂၃

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်၊ရွှေသောင်ယံမြို့ ဝက်သေကမ်းခြေတွင် ယမန်နေ့ နေ့လည်ပိုင်းက သေဆုံး နေသောဘင်္ဂါလီဟု ယူဆရသည့် ရုပ်အလောင်း ၁၇ လောင်းနှင့် အသက်ရှင်လျှက် ၃၀ ဦး တွေ့ရှိရကြောင်း အုပ်ချုပ်ရေးတာဝန်ရှိသူများထံမှ သိရသည်။

အဆိုပါသေဆုံးသူများနှင့် အသက်ရှင်လျှက်တွေ့ရှိသူများသည် မေလ ၁၉ ရက်က ရခိုင်ပြည်နယ်စစ်တွေမြို့မှ စက်လှေဖြင့်ထွက်ခွာလာသူမျာဖြစ်ပြီး ဧရာဝတီတိုင်းအဝင်တွင် ဘင်္ဂလားပင်လယ်အော်အတွင်း မုန်တိုင်းမိ၍ စက်လှေပျက်ပြီးနောက် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

၎င်းတို့လှေပေါ်တွင် လူဦးရေ ၉၀ ခန့် တင်ဆောင်ခဲ့ကြောင်းနှင့် လက်ရှိတွင် သေဆုံးသူ ၁၇ ဦး အသက်ရှင်သူ ၃၀ ဦး နှင့် ပျောက်ဆုံးနေသူ ၄၃ ဦးခန့် ရှိနေသေးကြောင်း သိရသည်။

”ပုသိမ်မြို့နယ်၊ရွှေသောင်ယံမြို့ဝက်သေကမ်းခြေမှာ မနေ့ နေ့လည်ပိုင်းကသေဆုံးနေတဲ့ ဘင်္ဂါလီဟုယူဆရတဲ့ ရုပ်အလောင်း ၁၇ လောင်းနဲ့ အသက်ရှင်လျှက် ၃၀ ဦးတွေ့ရှိရတယ်။ သေဆုံးသူများက မေလ ၁၉ ရက်က ရခိုင်ပြည်နယ်စစ်တွေမြို့မှ ထွက်ခွာလာတဲ့သူတွေလို့ သိရတယ်။သူတို့စီးလာတဲ့စက်လှေဟာ ဧရာဝတီတိုင်းအဝင် ဘင်္ဂလားပင်လယ်အော်ထဲမှာ စက်လှေပျက်ပြီးမုန်တိုင်းမိကာ မနေ့ကတိမ်းမှောက်ခဲ့ တာဖြစ်တယ်လို့သိရတယ်။ သေဆုံးသူ ၁၇ လောင်းမှာ အမျိုးသမီး ၆ လောင်းပါတယ်။ ကျန်တာကအမျိုးသားတွေပါ။”ဟု အုပ်ချုပ်ရေးပိုင်းမှတာဝန်ရှိသူတစ်ဦးကပြောသည်။

အဆိုပါ အသက်ရှင်ရေထဲမျောပါနေသော ဘင်္ဂါလီလူမျိုးဟုယူဆရသူ ၃၀ ဦးကိုလည်း ကယ်ဆယ်စောင့်လျှေက်ပေးထားပြီး ပျောက်ဆုံးနေသူများကိုလည်း ပင်လယ်ပြင်တွင်ရှာဖွေနေကြောင်း သိရသည်။

သူရ

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။