Trending Now

အီတလီတွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် တစ်ရက်အတွင်း ၇၉၃ ဦး သေဆုံး၊ သေဆုံးလူနာ စုစုပေါင်း ၄၈၀၀ ကျော်အထိ ရှိလာ

Spread the love

အီတလီတွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် တစ်ရက်အတွင်း ၇၉၃ ဦး သေဆုံး၊ သေဆုံးလူနာ စုစုပေါင်း ၄၈၀၀ ကျော်အထိ ရှိလာ

EPN
နိုင်ငံတကာ မတ် ၂၂

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကမ္ဘာတစ်ဝန်း လူသေဆုံးမှုမှာ ၁၀၀၀၀ ကျော်အထိ ရှိလာခဲ့ပြီး သေဆုံးသူများအ နက် ၄၈၀၀ ကျော်မှာ အီတလီနိုင်ငံမှဖြစ်သည်။

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကမ္ဘာတစ်ဝန်း သေဆုံးသူအရေအတွက်မှာ ၁၃၄၄ ဦး ထပ်မံမြင့်တက်လာခဲ့ရာ စု စုပေါင်း ၁၁၁၈၄ ဦးအထိ ရှိလာခဲ့ပြီဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ပြောကြားသည်။

ကမ္ဘာ့အစိုးရများက ထုတ်ပြန်သည့် စာရင်းများအရ အီတလီနိုင်ငံက ကိုဗစ်-၁၉ ကြောင့် လူသေဆုံးသူ ၄၈၂၅ ဦးဖြင့် ကူးစက်လူနာ အများဆုံးသေဆုံးသောတိုင်းပြည်ဖြစ်ပြီး တရုတ်နိုင်ငံက ၃၂၅၅ ဦးဖြင့် ဒုတိယ၊ အီရန် နိုင်ငံက ၁၅၅၆ ဦးဖြင့် တတိယနှင့် စပိန်နိုင်ငံက ၁၃၂၆ ဦးဖြင့် စတုတ္ထ အစဉ်လိုက်ရှိနေသည်။

အီတလီနိုင်ငံတွင် ယမန်နေ့က ကူးစက်လူနာ ၇၉၃ ဦး သေဆုံးခဲ့ပြီး တစ်ရက်အတွင်း သေဆုံးသူအရေအ တွက် အများဆုံးဖြစ်ခဲ့ကြောင်း ကြေညာခဲ့သည်။

အီတလီနိုင်ငံတွင် ကူးစက်လူနာသစ် ၆၅၅၇ ဦး ထပ်မံ တွေ့ရှိရာ ကူးစက်ခံရသူ စုစုပေါင်း ၅၃၅၇၈ ဦးအထိ ရောက်ရှိလာခဲ့သည်။

အစိုးရက ကန့်သတ်ချက်များ တင်းကျပ်နေကြောင်း အီတလီဝန်ကြီးချုပ် ဂူဆက်ပီကွန်တီက မတ်လ ၂၁ ရက်တွင် ကြေညာခဲ့သည်။

မရှိမဖြစ် ကုန်ပစ္စည်းများ ထုတ်လုပ်သောလုပ်ငန်းများမှလွဲ၍ စီးပွားရေးလုပ်ငန်းအား လုံး ပိတ်သိမ်းရန် ညွှန်ကြားထားကြောင်း ကွန်တီက ပြောကြားသည်။

စပိန်နိုင်ငံတွင် တစ်ရက်အတွင်း ကူးစက်လူနာ ၅၀၀၀ နီးပါး မြင့်တက်လာခဲ့ရာ ကူးစက်ခံရသူ စုစုပေါင်း ၂၄၉၂၆ ဦးအထိ ရှိလာခဲ့ပြီဖြစ်သည်။

အဆိုးရွားဆုံးအခြေအနေ ဖြစ်မလာသေးကြောင်း၊ ကိုရိုနာဗိုင်းရပ်စ်ပျံ့နှံ့မှု ဆက်လက်ဖြစ်ပွားမည်ဖြစ်ကြောင်း စပိန်ဝန်ကြီးချုပ် ပတ်ဒရိုဆန်းချက်ဇ်က ပြောကြားသည်။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုသစ် ၁၀၀၀ ကျော် ဖြစ်ပွားခဲ့ကြောင်း ပြင်သစ်နှင့် ဂျာမနီနိုင်ငံတို့က ကြေညာခဲ့ သည်။

–ကိုးကား–အင်န်အိတ်ချ်ကေ
Ref; Global coronavirus deaths exceed 10,000


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။