Trending Now

မိုင်းနောင်‌ေကျးရွာနေသူ အမျိုးသားသုံးဦး အရက်သောက်စားရာမှ စကားများရန်ဖြစ်၍ ဓားဖြင့်ထိုးရာ အမျိုးသားတစ်ဦး သေဆုံး

Spread the love

မိုင်းနောင်‌ေကျးရွာနေသူ အမျိုးသားသုံးဦး အရက်သောက်စားရာမှ စကားများရန်ဖြစ်၍ ဓားဖြင့်ထိုးရာ အမျိုးသားတစ်ဦး သေဆုံး

EPN
မြစ်ကြီးနား၊ ဇွန် ၂၁

ကချင်ပြည်နယ်၊ မိုးညှင်ခရိုင်၊ မိုးညှင်းမြို့နယ် မိုင်းနောင် ကျေးရွာနေသူ အမျိုးသားသုံးဦး ဇွန်လ (၁၇) ရက်နေ့ ညနေပိုင်းအချိန်က အရက်အတူသောက်ရာမှ စကားများ ရန်ဖြစ်ကာ အသင့်ပါရှိလာသည့်ဓားဖြင့် ထိုးသတ်ခဲ့သည့်အတွက် အမျိုးသားတစ်ဦး သေဆုံးသွားကြောင်း ရပ်ကျေးတာဝန်ခံထံမှ သိရသည်။

မိုင်းနောင်ကျေးရွာနေ သူငယ်ချင်းသုံးဦး တို့သည် ဟိုပင်မြို့သို့သွားရာ နန့်မွန်းမြို့ ဆိုင်းဘုတ်အနီးရှိ အရက်ဆိုင်၌ အတူစားသောက်ရင်း စကားများ ရန်ဖြစ်ကာ အသင့်ပါလာသည့်ဓားဖြင့် ဟန်ထွန်းဦးအား ထိုးသတ်ခဲ့ကြောင်း ရပ်ကျေးတာဝန်ရှိသူ တစ်ဦးက ပြောသည်။

” ဇွန်လ ၁၇ ရက်နေ့မှာ ဟိုပင်မှာ အိမ်ထောင်ကျတဲ့ မိုင်းနောင်သား ကောင်လေးကို မိုင်း‌ေနာင်သားဖြစ်တဲ့ ဟန်ထွန်းဦးနဲ့ အောင်လင်းထွန်းတို့က လိုက်ပို့တာ ဟုတ်တယ်။ အဲ့လိုလိုက်ပို့တဲ့အခါမှာ နန့်မွန်းမြို့ အနီးနားက အရက်ဆိုင်မှာ သုံးယောက် အရက်အတူသောက်ရင်း စကားများတယ်လို့ ပြောတယ်။ စကားများကြပြီး ဆိုင်ကယ်တစ်စီးနဲ့ ဟိုပင်ကိုထပ်သွားရင်း လမ်းမှာ ရန်ထပ်ဖြစ်ကြတယ်။ အဲ့အချိန်မှာ ဆိုင်ကယ်မောင်းတဲ့ အောင်လင်းထွန်းက ဓါးကိုလုပြီး ပြန်ထိုးကြတာ ဟန်ထွန်းဦး သေသွားတာ ဟုတ်တယ် ” ဟု ၎င်းကပြောသည်။

အဆိုပါ သေဆုံးသူသည် မိုင်းနောင်ကျေးရွာ ဇနီကုန်း ရွာသားတစ်ဦးဖြစ်ပြီး သေဆုံးသူ ဟန်လင်းထွန်း၏ ခန္ဓာကိုယ် တွင် ဓားဒဏ်ရာ ၅ ချက်ဖြင့် ဇွန်လ ၁၇ ရက်နေ့ ညပိုင်းအချိန်တွင် သေဆုံးသွားကြောင်း သိရသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သတ်၍ လုံးတုံနယ်မြေခံ ရဲစခန်းမှ ပြစ်မှုကျူးလွန်သူအား ဖမ်းဆီးအရေးယူ ဆောင်ရွက်ထားကြောင်း သိရသည်။

မြတ်မင်း

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။