Trending Now

၀ဒေသမှာ ဂက်စ်ပေါက်ကွဲမှုကြောင့် ၁၆ ဦးသေဆုံး

Spread the love

ဝဒေသမှာ ဂက်စ်ပေါက်ကွဲမှုကြောင့် ၁၆ ဦးသေဆုံး

EPN
မန်မော်၊ မတ် ၂၅

မြန်မာနိုင်ငံအရှေ့ပိုင်း ရှိ ဝတိုင်းရင်းသားဒေသရှိ  နေရာတစ်ခုမှာ ဂက်စ်ပေါက်ကွဲမှုဖြစ်ခဲ့တာကြောင့် အနည်းဆုံးလူပေါင်း ၁၆ ဦးသေဆုံးသွားခဲ့တယ်လို့ ၀ လက်နက်ကိုင်အဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့တွေ ဟာ ပေါက်ကွဲမှုဖြစ်တဲ့နေရာမှာ ရုပ်အလောင်းတွေကို ရှာဖွေကယ်တင်တာတွေရှိနေတယ်လို့ ၀ လက်နက်ကိုင်အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးညီရမ်းက သူရဲ့ Facebook  စာမျက်နှာက ရေးသားဖော်ပြခဲ့ပါတယ်။

ဂက်စ်ပေါက်ကွဲမှုဖြစ်ခဲ့တာကြောင့် ၁၆ ဦးသေဆုံးပြီး ၄၈ ဦးဒဏ်ရာရခဲ့တယ်လို့  ဝလက်နက်ကိုင်အဖွဲ့ ပြောရေးဆိုခွင့်ရှိသူကရေးသားထားပါတယ်။  ပေါက်ကွဲမှုဟာ ဝဒေသ ရှိ မွန်မော် ဒေသမှာဖြစ်ပြီး  မတ်လ ၂၃ ရက်နေ့ကဖြစ်ခဲ့တာဖြစ်ကြောင်း Dailymail သတင်းကဆိုပါတယ်။

ဝဒေသ ဟာ တရုတ် နဲ့ မြန်မာနိုင်ငံကြားနယ်စပ်ဒေသဖြစ်ပြီး ခန့်မှန်းခြေလူပေါင်း ၆ သိန်းကျော်ရှိနေတယ်လို့သိရပါတယ်။ ၀ ဒေသ ဟာ အိမ်နီးချင်းတရုတ်နဲ့ ပိုမိုနီးစပ်မှုရှိပြီးဒေသခံတွေ ဟာ  မြန်မာ စကားထက် တရုတ် မက်ဒရင်းစကားကို ပိုမိုသုံးစွဲပြောဆိုတယ်လို့ ဗြိတိန် အခြေစိုက် Dailymail သတင်းကဆိုပါတယ်။
—————————————-

ဝဒသေမှာ ဂကျဈပေါကျကှဲမှုကွောင့ျ ၁၆ ဦးသဆေုံး

EPN






Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။