Trending Now

မြစ်ကြီးနားမြို့တွင် ယခုရက်ပိုင်းအတွင်း ရေမြောင်းသံဖုံး ခိုးယူမှုဖြစ်စဉ်များ အဖြစ်များလာ

Spread the love

မြစ်ကြီးနားမြို့တွင် ယခုရက်ပိုင်းအတွင်း ရေမြောင်းသံဖုံး ခိုးယူမှုဖြစ်စဉ်များ အဖြစ်များလာ

EPN
မြစ်ကြီးနား၊ ဩဂုတ် ၂၅

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့အတွင်း လမ်းဘေးရေမြောင်း သံဖုံးများ ခိုယူသည့်ဖြစ်စဉ် ယခုရက်ပိုင်းအတွင်း အများအပြား တွေ့မြင်လာရကြောင်း မြို့မိမြို့ဖများထံမှ သိရသည်။

ယမန်နေ့ (ဩဂုတ်လ ၂၇ ရက်နေ့)၊ ညနေ (၅) နာရီအချိန်က အမျိုးသားတစ်ဦး ပြည်နယ်အားကာ ရုံးဝန်းအတွင်းရှိ ရေမြောင်းသံဖုံး ခိုးယူသွားသည့်ဖြစ်စဉ် ဖြစ်ပွားခဲ့ကြောင်း ကချင်ပြည်နယ် အားကစားနှင့် ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

” မနေ့က ညနေပိုင်းလောက်မှာ ပြင်ပက ဘောလုံးပြိုင်ပွဲကလည်း ရှိနေတော့ ဘောလုံးပွဲကြည့်သလိုနဲ့ ဝင်လာခဲ့တာ။ လူပျက်လောက်တဲ့ အချိန်မှ ရေမြောင်းသံဖုံးကို ခိုးယူသွာတာ ဖြစ်တယ် ” ဟု ၎င်းကပြောသည်။

လက်ရှိ နိုင်ငံရေးအခြေအနေများ၊ စီးပွားရေးကြပ်တည်းမှုနှင့် စားဝတ်နေရေး ခက်ခဲမှုများကြောင့် ခိုးယူခြင်း၊ လုယက်ခြင်း၊ ဓားပြတိုက်ခြင်းများ ပိုမိုပြုလုပ်လာသည်ကို တွေ့မြင်လာရကြောင်း မြစ်ကြီးနားမြို့ မြို့သစ်ကြီးရပ်ကွက်နေ မြို့မိမြို့ဖတစ်ဦးက ပြောသည်။

” ခိုးဆိုးလုနှိုက် ဖြစ်စဉ်တွေက အခုလို နိုင်ငံရေး မငြိမ်သက်တဲ့နောက်ပိုင်း ပိုမိုတွေ့မြင်လာရတယ်။ စီးပွားရေး ကြပ်တည်းမှုတွေ၊ စားဝတ်နေရေး ခက်ခဲလာမှုတွေကြောင့် လူတွေက လွယ်လွယ်ကူကူပိုက်ဆံရတဲ့ ခိုးတာလုတာတွေ ပြုလုပ်လာရခြင်း ဖြစ်တယ်လို့ သုံးသပ်မိတယ် ” ဟု ၎င်းကပြောသည်။

အလားတူ ယခင်လများကလည်း သီတာရပ်ကွက်အတွင်း လမ်းဘေးရေမြောင်းများတွင် ဖုံးထားသည့် သံဖုံးများ ခိုးယူခဲ့သည့်ဖြစ်စဉ်များ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဗညားနွဲ့

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။