Trending Now

တောင်ကုတ်မြို့နယ်၊ အ-ထ-က(ခွဲ) တဲမောက်ရှိ ဆရာ/ဆရာမများ နားနေဆောင် မျက်နှာကျက်ပြိုကျ၍ ဆရာ မတစ်ဦး၏ ဦးခေါင်းထိခိုက်ဒဏ်ရာရရှိ

Spread the love

တောင်ကုတ်မြို့နယ်၊ အ-ထ-က(ခွဲ) တဲမောက်ရှိ ဆရာ/ဆရာမများ နားနေဆောင် မျက်နှာကျက်ပြိုကျ၍ ဆရာ မတစ်ဦး၏ ဦးခေါင်းထိခိုက်ဒဏ်ရာရရှိ

EPN
စစ်တွေ၊ ဇွန် ၈

ဇွန်လ ၇ ရက်နေ့ မွန်းလွဲ(၂း၁၀)မိနစ်က ရခိုင်ပြည်နယ်၊ တောင်ကုန်မြို့နယ်၊ အ-ထ-က(ခွဲ) တဲမောက်ရှိ ဆရာ/ ဆရာမများ နားနေဆောင် မျက်နှာကျက်ပြိုကျ၍ ဆရာမတစ်ဦး၏ ဦးခေါင်းထိခိုက်ဒဏ်ရာရရှိခဲ့သည်။

“နားနေဆောင် မျက်နှာကျက် ပြိုကျတာ။ ထိသွားတဲ့ ဆရာမက ဦးခေါင်း ၅ ချက် ချုပ်လိုက်ရတယ်။ ကျန်တာက ဆက်ပြီး ဦးခေါင်း ထိခိုက်မှုရှိ/မရှိ ဓါတ်မှန်ရိုက်ဖို့တော့ရှိတယ်” လို့ ပညာရေးဝန်ထမ်းတစ်ဦးက ပြောသည်။

ထိခိုက်ဒဏ်ရာရရှိခဲ့သည့် ဆရာမသည် လက်ရှိအချိန်၌ တောင်ကုတ်မြို့နယ် ပြည်သူ့ဆေးရုံကြီး၌ ဆေးဝါးကု သမှု ခံယူလျက်ရှိသည်။
ထိုကဲ့သို့ ကျောင်းဆောင်မျက်နှာကျက် ပြိုကျမှုနှင့်ပတ်သက်ပြီး ကျောင်းဆောင်အဆောက်အဦး၏ အရေ အသွေးကို ပြည်နယ်အစိုးရမှ ပြန်လည်စိစစ်ရန် လိုအပ်ကြောင်း မြို့မိမြို့ဖအချို့က ပြောဆိုသည်။


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။