Trending Now

မြစ်ကြီးနားမြို့ (၂၁)မိုင်ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် အမျိုးသားတစ်ဦးထံမှ ဘိန်းဖြူများ ဖမ်းဆီးရမိ

Spread the love

မြစ်ကြီးနားမြို့ (၂၁)မိုင်ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် အမျိုးသားတစ်ဦးထံမှ ဘိန်းဖြူများ ဖမ်းဆီးရမိ

EPN
မြစ်ကြီးနား ၊ ဇွန်လ ၃

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ (၂၁)မိုင်ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် ယမန်နေ့ ညနေ ၂ နာရီခန့်က အမျိုးသားတစ်ဦးထံမှ ဘိန်းဖြူများ ဖမ်းဆီးရမိကြောင်း မြစ်ကြီးနားမြို့မရဲစခန်းထံမှ သိရသည်။

ဖြစ်စဉ်မှာ မြစ်ကြီးနားမြို့နယ်၊ (၂၁)မိုင်ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် မော်တော်ယာဉ်များအား စစ်ဆေးရှာဖွေစဉ် မြစ်ကြီးနား မြို့ဘက်မှ မိုးကောင်းမြို့ဘက်သို့ တူးဂျာ စီးနင်းမောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေး ရှာဖွေရာ ဆိုင်ကယ်အတွင်း သိုဝှက်သယ်ဆောင်လာသော ဘိန်းဖြူအလေးချိန် ၂၃၂ ဂရမ်(ဒေသကာလပေါက်စျေး တန်ဖိုးငွေကျပ် ၉၂.၈ သိန်း)နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား တွေ့ရှိသိမ်းဆည်းခဲ့ခြင်းဖြစ်သည်။

အဆိုပါမှုးယစ်ဆေးဝါးနှင့်ပက်သက်သော တူးဂျာ(၄၂)နှစ်အား မြစ်ကြီးနားနယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ရှိကြောင်း သိရသည်။

လင်းယုန်

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။