Trending Now
Spread the love

ရုရှားကိုတိုက်ခိုက်လာတဲ့ အမေရိကန် ဒုံကျည်လေးစင်းကို ပစ်ချနိုင်ခဲ့တယ်လို့ ရုရှားဆို

EPN
နိုင်ငံတကာ၊ ဒီဇင်ဘာ ၂၀

ရုရှားနိုင်ငံအနောက်ပိုင်း ဘဲလ်ဂိုရော့ဒေသကို တိုက်ခိုက်လာတဲ့ အမေရိကန်လုပ် မြန်နှုန်းမြင့် ဒုံးကျည်လေးစင်းကို ပြီးခဲ့တဲ့ ၂၄ နာရီအတွင်းမှာ ပစ်ချနိုင်ခဲ့တယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။

ရုရှားကို တိုက်ခိုက်လာတဲ့ အမေရိကန်လုပ် AGM-88 -HARM အမျိုးအစား ရေဒါဆန့်ကျင်ရေး ဒုံးကျည်တွေကို ရုရှားလေကြောင်းရန် ကာကွယ်ရေး စနစ်တွေက ထောက်လှမ်းတွေ့ရှိပြီးနောက် ပစ်ချခဲ့တာလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ကလည်း ယူရိန်းက ပစ်ခတ်လိုက်တဲ့ ဒုံးကျည်တွေကြောင့် ရုရှားနိုင်ငံအနောက်ပိုင်း ဘဲလ်ဂိုရော့ဒေသမှာ အနည်းဆုံးတစ်ဦး သေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပြီးနောက် ရုရှားက အခုလို ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။
Radiation Anti-Radiation Missiles (HARM) ဒုံးကျည်တွေကို အမေရိကန်က သြဂုတ်လ အလယ်ပိုင်းမှာ ယူကရိန်းကို ပို့ဆောင်ပေးခဲ့တာဖြစ်ပြီး ယူကရိန်းရဲ MiG-29 နဲ့ Su-27 လေယာဉ်တွေမှာ အသုံးပြုတယ်လို့ သိရပါတယ်။

ရုရှားကာကွယ်ရေးဝန်ကြီးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူက ရုရှားလေကြောင်းရန် ကာကွယ်ရေးတပ်ဖွဲ့တွေဟာ ယူကရိန်းနိုင်ငံရဲ့ တိုက်ခိုက်ရေး ဒရုန်း ၈ စီးကိုလည်း ပစ်ချနိုင်ခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

ယူကရိန်းကို ရုရှားတပ်ဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်ပြီးနောက်ပိုင်း ယူကရိန်းနဲ့ နယ်စပ်ချင်းထိစပ်နေတဲ့ ဒေသတွေမှာ မကြာခဏဆိုသလို တိုက်ခိုက်မှုတွေနဲ့ ကြုံတွေ့နေရသလို ယူကရိန်းပြည်သူအများအပြားဟာလည်း စစ်ပွဲကြောင့် အိုးအိမ်စွန့်ခွာပြီး ဘေးလွတ်ရာကို တိမ်းရှောင်နေကြရပါတယ်။

— ကိုးကား —
theasianmirror
Ref; Russian forces shoot down four US-made missiles

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။