Trending Now

အင်းတော်ကြီးကျေးရွာအုပ်စုတွင် KIA၊ PDF ပူးပေါင်းအဖွဲ့မှ ဒေသခံပြည်သူများအပေါ် အနိုင်ကျင့် ဗိုလ်ကျဆက်ဆံမှုပြုလုပ်ဟုဆို

Spread the love

အင်းတော်ကြီးကျေးရွာအုပ်စုတွင် KIA၊ PDF ပူးပေါင်းအဖွဲ့မှ ဒေသခံပြည်သူများအပေါ် အနိုင်ကျင့် ဗိုလ်ကျဆက်ဆံမှုပြုလုပ်ဟုဆို

EPN
မိုးညှင်း၊ ဇန်နဝါရီ ၁၅ (၂၀၂၄)

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ်၊ အင်းတော်ကြီးကျေးရွာအုပ်စုဘက်တွင် KIA၊ PDF ပူးပေါင်း အဖွဲ့မှ ဒေသခံပြည်သူများအပေါ် မခံမရပ်နိုင်အောင် အနိုင်ကျင့်ဗိုလ်ကျ ဆက်ဆံမှုများကို နေ့စဥ်ပြုလုပ်နေကြောင်း ‌မိုင်းနောင်ကျေးရွာနေ ပြည်သူများထံမှ သိရသည်။

အင်းတော်ကြီးကျေးရွာအုပ်စုအတွင်း ပါရှိသည့် မိုင်းနောင်၊ ညောင်ပင်၊ မမှုံကိုင် စသည့် ဒေသတို့တွင် KIA၊ PDF ပူးပေါင်း အဖွဲ့များက ဒေသခံပြည်သူများအပေါ် မတရား ဆက်ကြေးကောက်ခြင်း၊ လူသစ်စုဆောင်းခြင်းများနှင့် အပြစ်မဲ့ ပြည်သူများအပေါ် နိုင်ထက်စီးနင်း ပြုလုပ်နေကြောင်း မိုင်းနောင်ကျေးရွာနေပြည်သူများက ဆိုသည်။

” ဒီလထဲမှာကို KIA၊ PDF တွေက ကျွန်တော်တို့ ပြည်သူတွေအပေါ် အနိုင်ကျင့်ဗိုလ်ကျမှုတွေ အရမ်းလုပ်လာတယ်။ ဆက်ကြေးတွေ မတရားကောက်တယ်။ မပေးနိုင်တဲ့ သူတွေကို လူသစ်စုဆောင်းတယ်။ ရွှေလုပ်နေတဲ့ သူတွေအပေါ် မှာလည်း အခွန်ဆိုပြီး မပေးနိုင်တဲ့ ငွေပမာနတွေ ကောက်နေတယ်။ ဘယ်လိုမှ မခံနိုင်အောင်ကို ပြည်သူတွေအပေါ် အနိုင်ကျင့် ဗိုလ်ကျမှုတွေ လုပ်နေတယ် ” ဟု အမည်မဖော်လိုသူ ဒေသခံများက ရှင်းပြသည်။

မိုင်းနောင်၊ ညောင်ပင်၊ အင်းတော်ကြီး၊ မမှုံကိုင် စသည့် ဒေသတို့တွင် KIA၊ PDF ပူးပေါင်းအဖွဲ့မှ နယ်မြေစိုးမိုးမှု ရယူထားသည့်အပေါ် အပြစ်မဲ့ ပြည်သူများကို ဥပဒေမဲ့ သတ်ဖြတ်ခြင်းများကိုလည်း ပြုလုပ်နေကြောင်း နမ့်မွန်းမြို့နေသူ တစ်ဦးက ပြောသည်။

” ဒီကောင်တွေ လုပ်ရက်က တရားလွန်နေပြီ။ ဘာမှ အပြစ်မရှိတဲ့ ပြည်သူအပေါ် မေးမြန်စစ်ဆေးမှုမရှိ သူတို့မကြိုက်ရင်ကို ဥပဒေမဲ့ သတ်ဖြတ်တာတွေ အရမ်းများနေပြီ။ ဒေသခံ ပြည်သူတွေက အခုဆို နီးရာဓါးကို ကြောက်နေရတယ် ” ဟု ၎င်းကပြောသည်။

မိုင်းနောင်ကျေးရွာအုပ်စု ညောင်ပင် ကျေးရွာဘက်တွင်လည်း KIA၊ PDF ပူးပေါင်းအဖွဲ့၏ ခြိမ်းခြောက်၊ အနိုင်ကျင့် ရမ်းကားနေမှုများ အကြိမ်ကြိမ် ပြုလုပ်နေ၍ တပ်မတော်နှင့်တိုက်ပွဲများ ဖြစ်ပွားလာမည်ကို စိုးရိမ်လာသည့်အတွက် ဒေသခံများ ဘေးလွတ်ရာသို့ ကြိုတင်တိမ်းရှောင်းနေရကြောင်း ညောင်ပင်ကျေးရွာ ဒေသခံပြည်သူတစ်ဦးက ဆိုသည်။

” ဇန်နဝါရီ ၈ရက်၊ ၉ရက်လောက်က စပြီး ညောင်ပင်ကျေးရွာဘက်က ပြည်သူတွေ တပ်မတော်နဲ့ တိုက်ပွဲဖြစ်ပွားမယ့် အရေးကို စိုးရိမ်ကြလို့ အခုဆို ဘေးလွတ်ရာကို ထွက်ပြေးကြပြီ။ ရွာမှာ လူမရှိတော့ဘူး။ KIA၊ PDFတွေ အရမ်းကို သောင်းကြမ်းနေတယ်။ မကြာခင် တိုက်ပွဲဖြစ်လာဖို့ အလားလာတွေ ရှိနေတယ် ” ၎င်းက ပြောသည်။

အင်းတော်ကြီး ဒေသဘက်တွင် KIA၊ PDF ပူးပေါင်းအဖွဲ့က ကျေးရွာလမ်းတစ်လျှောက်တွင် ဂိတ်များ တည်ဆောက်ကာ လမ်းသွား၊ လမ်းလာ ပြည်သူများကို စစ်ဆေးမှုများ၊ ဆက်ကြေးကောက်ခံမှုများ၊ လူသစ်စုဆောင်းခြင်းများကို ပေါ်ပေါ် ထင်ထင် ပြုလာနေခြင်းများ ရှိနေ၍ တပ်မတော်နှင့် တိုက်ပွဲများ ဖြစ်ပွားလာမည်ကို စိုးရိမ်နေကြောင်း သိရသည်။

ပိုင်ကြီး


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။