Trending Now

တရုတ်ငါးဖမ်းသင်္ဘောတစ်စီး အိန္ဒိယသမုဒ္ဒရာအတွင်း နစ်မြုပ်ပြီး ၃၉ ဦး ပျောက်ဆုံးနေ

Spread the love

တရုတ်ငါးဖမ်းသင်္ဘောတစ်စီး အိန္ဒိယသမုဒ္ဒရာအတွင်း နစ်မြုပ်ပြီး ၃၉ ဦး ပျောက်ဆုံးနေ

EPN
နိုင်ငံတကာ၊ မေ ၁၇

တရုတ်ငါးဖမ်းသင်္ဘောတစ်စင်း အိန္ဒိယသမုဒ္ဒရာအလယ်ပိုင်းတွင် တိမ်းမှောက်ခဲ့ပြီး ၃၉ ပျောက်ဆုံးနေကြာင်း နိုင်ငံပိုင်မီဒီယာက ယနေ့ မေလ ၁၇ ရက်နေ့တွင် ဖော်ပြခဲ့သည်။

သင်္ဘောတိမ်းမှောက်မှုအတွင်း တရုတ်သင်္ဘောသား ၁၇ ဦး၊ အင်ဒိုနီးရှားနိုင်ငံသား ၁၇ ဦးနှင့် ဖိလစ်ပိုင်သင်္ဘောသား ၅ ဦး ပျောက်ဆုံးနေကြောင်း နိုင်ငံပိုင်မီဒီယာက ဖော်ပြသည်။

“အခုချိန်ထိ ပျောက်ဆုံးနေသူတွေကို ရှာမတွေ့သေးဘူး” ဟု နိုင်ငံပိုင် ရုပ်သံ CCTV မှ ပြောကြားပြီး သမ္မတ ရှီကျင့်ဖျင် က ရှာဖွေကယ်ဆယ်ရေး လုပ်ဆောင်ရန် အမိန့်ပေးထားကြောင်း သိရသည်။

Lu Peng Yuan Yu 028 နှင့် Penglai Jinglu Fishery မှပိုင်ဆိုင်သည့် Lu Peng Yuan Yu 028 အမည်ရှိ သင်္ဘောသည် အင်္ဂါနေ့ စင်္ကာပူစံတော်ချိန် နံနက် ၃ နာရီ တွင် တိမ်းမှောက်ခဲ့ခြင်းဖြစ်ကြောင်း နိုင်ငံပိုင်မီဒီယာက ဖော်ပြသည်။

ဒေသတစ်ဝိုက်မှ ရှာဖွေကယ်ဆယ်ရေးအဖွဲ့များသည် အခင်းဖြစ်ပွားရာနေရာသို့ ကူညီရန် ရောက်ရှိလာပြီး တရုတ်နိုင်ငံမှ ရေယာဉ်နှစ်စင်းနှင့်အတူ ဖြန့်ကျက်ချထားခဲ့ကြောင်း ရုပ်သံသတင်းဌာနက ဖော်ပြခဲ့သည်။

ပြီးခဲ့သောလက ဖိလစ်ပိုင်ရေပြင်တွင် တရုတ်သောင်တူးသင်္ဘောတစ်စီး တိမ်းမှောက်မှုကြောင့် တရုတ်သင်္ဘောသားနှစ်ဦး သေဆုံးခဲ့သည်။

လွန်ခဲ့သည့် ဆယ်စုနှစ် နှစ်ခုအတွင်း တရုတ်နိုင်ငံသည် ကမ္ဘာ့အကြီးဆုံး ရေနက်ငါးဖမ်းသင်္ဘောများကိုတည်ဆောက်ခဲ့သည်။

ယင်းနောက် တရုတ်ငါးဖမ်းသမားများသည် ပင်လယ်ပြင်သို့ ရွက်လွှင့်လာကြပြီး တိုးပွားလာသော ရေကြောင်းအငြင်းပွားမှုများနှင့် မတော်တဆမှုများတွင် ငြိစွန်းနေသည်။

Ref; CNA

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။