Trending Now

လွယ်ဂျယ်ဂိတ် ပြန်လည်ဖွင့်လှစ်သော်လည်း ကုန်ကားများကို တစ်ဖက်နိုင်ငံသို့ ကူးသန်းခွင့် မပြု

Spread the love

လွယ်ဂျယ်ဂိတ် ပြန်လည်ဖွင့်လှစ်သော်လည်း ကုန်ကားများကို တစ်ဖက်နိုင်ငံသို့ ကူးသန်းခွင့် မပြု

EPN
မြစ်ကြီးနား ၊ မတ် ၄

ကချင်ပြည်နယ် မိုးမောက်မြို့နယ်ရှိ သုံးရက်ကြာပိတ်ထားခဲ့သည့် လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေးဂိတ်ကို ယနေ့ နံနက်ပိုင်းက ပြန်လည်ဖွင့်လှစ်ခဲ့သော်လည်း ကုန်ကားများကို တရုတ်နိုင်ငံဘက်သို့ ကူးသန်းခွင့်မပြုပဲ ကုန်ပစ္စည်းလွှဲပြောင်းသည့်ပုံစံမျိုးဖြင့်သာ ခွင့်ပြုပေးထားကြောင်း ဗန်း‌မော်ခရိုင်သီးနှံစိုက်ပျိုး ထုတ်လုပ်သူများအသင်း မှတာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

“နယ်စပ်ဂိတ်ကတော့ ဒီနေ့မနက်ပိုင်က ပြန်ဖွင့်လိုက်ပြီး ဒါပေမဲ့ ဟိုဘက်ကိုတော့ ကုန်ကားတွေ ကူးသန်းခွင့်မရှိဘူး၊ အရင်လိုပဲ ကားချိန်းတယ်လို့ပြောရမှာပေါ့ ကုန်ပစ္စည်းကို ကားချိန်းပြီးမှပဲ ဟိုဘက်ကို ပို့ရမှာ ဒီဘက်က ကားတွေကို အဝင်မခံဘူး” ဟု ၎င်းက ပြောသည်။

သုံးရက်ကြာလမ်းပိတ်မှုကြောင့် ဗန်းမော်-လွယ်ဂျယ် လမ်းကြောတစ်ခုလုံးတွင် ကုန်ကားအစီးရေ အများအပြားပိတ်မိလျက်ရှိပြီး ယခုလို ကုန်ပစ္စည်းကို ကားချိန်းပြီးမှသာ ဖြတ်သန်းခွင့်ပြုခြင်းမှာ အချိန်ကြန့်ကြာပြီး အခက်အခဲများဖြစ်နေကြောင်း ကားသမားတစ်ဦးကပြောသည်။

” အခုလို ကုန်ပစ္စည်းတွေကို တစ်ဆင့်ခံ ပြီးသယ်နေရတော့ ကုန်သွယ်စီးဆင်းမှု နှေးတယ်ပြောလိုရမှာပေါ့ အချိန်လဲကြာတယ် ဒီဘက်မှာလည်း ကားတွေပိတ်မိနေတာများတယ်လေ အဆုံးရှုံး အများဆုံးကတော့ တစ်ရှူးငှက်ပျောသမားတွေပဲ။” ဟု၎င်းကပြောသည်။

လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေးဂိတ်မှတစ်ဆင့် တရုတ်နိုင်ငံဘက်သို့ တစ်သျှူးငှက်ပျော၊ ကြံ၊ ပြောင်း၊ပဲ၊စသည့်ကုန်ပစ္စည်းများကို အဓိကတင်ပို့လျက်ရှိပြီး သွင်းကုန်အဖြစ် အိမ်ဆောက်ပစ္စည်း၊ အဝတ်အထည်နှင့် စားသောက်ကုန်များကို အဓိကတင်သွင်းလျက်ရှိကြောင်း သိရသည်။

လွယ်ဂျယ်နယ်စပ်ကုန်ရေးဂိတ်တွင် တရုတ်ပြည်သို့တင်ပို့မည့် ကုန်ပစ္စည်းများအပြင် ယာဉ်မောင်းနှင့်ယာဉ်နောက်လိုက်တို့မှာ ကိုဗစ်- ၁၉ ရောဂါပိုးစစ်ဆေး တွေ့ရှိခဲ့သောကြောင့် မတ်လ ၁ ရက်နေ့မှ စတင်ပြီး သုံးရက်ကြာပိတ်ထားခဲ့ခြင်းဖြစ်သည်။

ဝလုံး


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။