Trending Now

ဗန်းမော်မြို့နယ််တွင် ကျွဲလေးကောင် မိုးကြိုးပစ်ခံရပြီး သေဆုံး

Spread the love

ဗန်းမော်မြို့နယ််တွင် ကျွဲလေးကောင် မိုးကြိုးပစ်ခံရပြီး သေဆုံး

EPN
ဗန်းမော်၊ မေ ၂၅

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်အတွင်း ယမန်နေ့ ညနေပိုင်းက ကျွဲ လေးကောင် မိုးကြိုးပစ်ခံရသဖြင့် သေဆုံးခဲ့ကြောင်း ရွာခံတောင်သူများထံက သိရသည်။

ဗန်းမော်မြို့နယ် ကောင်းတုံကျေးရွာ အုပ်စု ဆူးပုတ်ကုန်း ကျေးရွာ၌ မေလ ၂၄ ရက်နေ့ ညနေ ၅ နာရီ အချိန်ခန့်က ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး တောင်သူ ဦးကျော်သင်း ပိုင်ဆိုင်သော ကျွဲလေးကောင် ဖြစ်သည်ဟု သိရသည်။

“မနေ့က ညနေပိုင်းက မိုးရိပ်တက်လာတော့ ကျွဲတွေ မြူးနေကြတယ်၊ အဲဒီအချိန်မှာ လေ နည်းနည်း တိုက်လာတယ်၊ မိုးရွာလာတယ်၊ ပြီးတော့ မိုးခြိမ်းလျှပ်စီးလပ်လာတယ်၊ အဲ့အချိန်ရုတ်တရက် မိုးကြိုးပစ်လိုက်တာ ယာခင်းထဲဲက ကျွဲလေးကောင် လဲကျသေဆုံးသွားတယ်၊” ဟု တောင်သူ တစ်ဦးက ပြောပြသည်။

ဗန်းမော်မြို့နယ် အတွင်း မိုးကြိုးပစ်ခံရပြီး ကျွဲ၊ နွား တိရစ္ဆာန် သေဆုံးမှု ရှိခဲ့ဖူးသော်လည်း ယခု ကျွဲလေးကောင်အထိ သေဆုံးမှုမှာ ပထမဆုံး ဖြစ်ကြောင်းတောင်သူများထံ က သိရသည်။

ဗန်းမော်သုခမိန်

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။