Trending Now

နမ္မတူ ချောင်းရေ မြင့်တက်မှုကြောင့် ရပ်ကွက်အတွင် ရေဝင်ရောက်

Spread the love

နမ္မတူ ချောင်းရေ မြင့်တက်မှုကြောင့် ရပ်ကွက်အတွင် ရေဝင်ရောက်

EPN Brief News
နမ္မတူ၊ အောက်တိုဘာ ၁၂ (၂၀၂၃)

ရှမ်းပြည်နယ်၊ နမ္မတူမြို့နယ်အတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် အောက်တိုဘာလ ၁၂ ရက်နေ့ ယနေ့ နံနက်ပိုင်းတွင် နမ္မတူချောင်းရေ မြင့်တက်လာပြီး ပန်ဟိုက်ရပ်ကွက်ရှိ နေအိမ်များသို့ ရေဝင်ရောက်မှုဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံက သိရသည်။

နမ္မတူမြို့နယ် မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များသည် ယနေ့ ၁၁ နာရီအချိန်ခန့်တွင် ပြည်သူများအား ရေဘေးလွတ်ရာသို့ ကူညီရွှေ့ပြောင်းပေးခြင်း လုပ်ငန်းများကို ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

သတင်း – ရန်နိုင်
ဓါတ်ပုံ – မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။