Trending Now

မောင်တောမြို့နယ်၊ ကြိမ်ချောင်းစစ်ဆေးရေးဂိတ်တွင် တရားမဝင် ဝင်ရောက်လာသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား (၆) ဦး ဖမ်းဆီးရမိ

Spread the love

မောင်တောမြို့နယ်၊ ကြိမ်ချောင်းစစ်ဆေးရေးဂိတ်တွင် တရားမဝင် ဝင်ရောက်လာသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား (၆) ဦး ဖမ်းဆီးရမိ

EPN
မောင်တော၊ ဇွန် ၂၉

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ကြိမ်ချောင်းစစ်ဆေးရေးဂိတ်တွင် တရားမဝင် ဝင်ရောက်လာသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၆ ဦးအား ယမန်နေ့က ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

မောင်တောမြို့နယ်၊ ကြိမ်ချောင်းစစ်ဆေးရေးဂိတ်၌ ဇွန် ၂၈ ရက်နေ့ ညနေပိုင်းချိန်တွင် တောင်ပြိုလက်ဝဲမြို့ဘက်မှ မောင်တောမြို့ဘက်သို့ မောင်း နှင်လာသည့် မောင်တောမြို့ နယ်၊ ခရေမြိုင်ကျေးရွာနေ မျိုးကျော်သူ မောင်းနှင်လာသည့် VOXY အမျိုးအစား (အဖြူရောင်) ယာဉ် အားစစ်ဆေးခဲ့ရာ ၎င်းယာဉ်ပေါ်မှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၆ ဦးအား ဖမ်းဆီးမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဖမ်းဆီးရမိသူများ၏ ထွက်ဆိုချက်အရ ၎င်းတို့သည် မောင်တောမြို့မှတစ်ဆင့် မလေးရှားနိုင်ငံတွင် သွား ရောက်အလုပ်လုပ်ရန်အတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ နယ်စပ်ခြံစည်းရိုးအား ဖြတ်ကျော်ဝင်ရောက်လာခဲ့ပြီး မောင်တောမြို့နယ်၊ သင်္ဘောလှ(အပြင်)ရွာအနီး၌ စောင့်ဆိုင်းနေခဲ့ကြောင်း၊ ထို့နောက် ယာဉ်မောင်းမျိုးကျော်သူ ရောက်ရှိလာပြီး ယာဉ်ဖြင့်ခေါ်ဆောင်လာစဉ် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း သိရသည်။


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။