Trending Now

မြစ်​ကြီးနားမြို့တွင် နှစ်ရက်အတွင်း လိုင်စင်မဲ့ကား ၁၂ စီး ဖမ်းဆီးနိုင်ခဲ့

Spread the love

မြစ်​ကြီးနားမြို့တွင် နှစ်ရက်အတွင်း လိုင်စင်မဲ့ကား ၁၂ စီး ဖမ်းဆီးနိုင်ခဲ့

EPN
မြစ်​ကြီးနား၊ ဇွန်​ ၁၉

ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် မြို့အဝင်ဂတ်များ၌ လိုင်စင်မဲ့ပြေးဆွဲနေသော ခရီးသည်တင်ယာဉ်များကိုဖမ်းဆီးစစ်ဆေးခဲ့ရာ နှစ်ရက်အတွင်း ၁၂စီး ဖမ်းဆီးနိုင်ခဲ့ကြောင်း အမှတ် ၉၈ ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်​။

ယမန်နေ့ ဇွန်လ ၁၇ရက်နေ့မှ စတင်ကာမြစ်​ကြီးနားမြို့ ဝင်​/ထွက်​ဂိတ်​များဖြစ်​သည့်​ ၂၁မိုင်​ဂိတ်​၊ ဗလမင်းထင်​ဂိတ်​နှင့်​ ပူတာအိုဘက်​သို့ သွားသည့်​ လမ်းများတွင်​ လိုင်​စင်​မဲ့​ခရီးသည်​တင်​​ မော်​​တော်​ယာဉ်​များ​ပြေးဆွဲခြင်းကို ဖမ်းဆီးစစ်ဆေးခဲ့ရာ ဇွန် ၁၇ရက်နေ့က ၂၁မိုင်ဂိတ်၌ ၅စီး၊ ယမန်နေ့က မိုင်းနားပူးပေါင်းစစ်ဆေးဂိတ်တွင် ၇စီး စုစုပေါင်း ၁၂စီးဖမ်းဆီးရမိခဲ့ကြောင်း အမှတ်၉၈ ယာဉ်ထိန်းရဲတပ်ဖွဲ့ရုံးမှ ဒုရဲမှူးကျော်စိုးဦးက ဆိုသည်။

“ကျွန်တော်တို့ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်တွေရယ်၊နယ်မြေခံရဲတပ်ဖွဲ့ဝင်တွေရယ်၊ နောက် ကညန၊ ပို့/ဆက်၊ ယကတ တွေပူးပေါင်းပြီးဖမ်းဆီးပါတယ်။ ဖမ်းဆီးထားတဲ့ယာဉ်မောင်းတွေကို သက်ဆိုင်ရာနယ်မြေရဲခစန်းတွေမှာ အမှုဖွင့်အရေးယူထားပါ တယ်။” ဟု ဒုရဲမှူးကျော်စိုးဦးက ပြောသည်။

ဖမ်းဆီးရမိသည့်​ လိုင်​စင်​မဲ့ခရီးသည်​တင်​ကားများကို ပို့ကုန်သွင်းကုန် ဥပဒေပုဒ်မ ၈ နှင့်​ အမှုဖွင့်​ကာ ဒဏ်​​ငွေရိုက်​၍ ယာဉ်ကိုနိုင်​ငံ​တော်​ပိုင်သိမ်းမည်​ဖြစ်​​ပြီး ယာဉ်​​မောင်းများကိုလည်း ထောင်ဒဏ်နှင့်​ ငွေဒဏ်​များ ချမှတ်​နိုင်​​ကြောင်း သိရသည်။

လိုင်စင်မဲ့ခရီးသည်တင်ယာဉ်များ ဖမ်းဆီးမည်ဖြစ်ကြောင်းကို ခရီးသည်တင်မော်တော်ယာဉ်လိုင်းအသင်းများသို့ မေလ အတွင်း အကြောင်းကြားစာ​ပေးပို့ထား​ကြောင်းနှင့်​ ဂိတ်​မှူးများကို ဝန်​ခံကတိလက်​မှတ်​​ရေးထိုး​စေခဲ့​ကြောင်း သိရသည်​။

အဆိုပါ လိုင်စင်မဲ့ခရီးသည်တင်ယာဉ်များ ဖမ်းဆီးမှု​ကြောင့်​ မြစ်​ကြီးနားမြို့တွင်းရှိ လိုင်​စင်​မဲ့​မော်​​တော်​ယာဉ်​ပိုင်​ဆိုင်​သူများမှာ စိုးရိမ်​ပူပန်​မှုများဖြစ်​​ပေါ်​နေကြပြီး ယခု​လော​လောဆယ်​တွင်​ သယ်​​ဆောင်​၊ ဖြတ်​သန်း၊ သို​လှောင်​၊ တင်​သွင်း၊​ ရောင်းချသူများကိုသာ ဖမ်းဆီးအ​ရေးယူသွားမည်​ဖြစ်​​ကြောင်း သိရသည်။

လွမ်းအောင်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။