Trending Now

ခေါင်လန်ဖူးမြို့နယ်၌ ကိုဗစ်-၁၉မပြန့်ပွားဖို့ မိမိကစ၍ ကာကွယ်စို့ သတင်းစကား လက်ကမ်း စာစောင်များ ဖြန့်ဝေ

Spread the love

ခေါင်လန်ဖူးမြို့နယ်၌ ကိုဗစ်-၁၉မပြန့်ပွားဖို့ မိမိကစ၍ ကာကွယ်စို့ သတင်းစကား လက်ကမ်း စာစောင်များ ဖြန့်ဝေ

EPN
ခေါင်လန်ဖူး၊ ဇွန် ၁၈

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြည်သူများသို့ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်နိုင်ရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(ရုံးချုပ်) က ထုတ်ဝေသည့် ကိုဗစ်-၁၉ ရောဂါမပြန့်ပွားဖို့ မိမိကစ ၍ ကာကွယ်စို့ သတင်းစကားလက်ကမ်းစာစောင်များကို ယမန်နေ့နံနက်က ခေါင်လန်ဖူး မြို့ပေါ် ရပ်ကွက်များရှိ မိဘပြည်သူများထံ လက်ဝယ်အရောက် ဖြန့်ဝေပေးခဲ့သည်။

ယင်းသတင်းစကား လက်ကမ်းစာစောင်တွင် ကိုဗစ်-၁၉ ရောဂါကို မိမိကစ၍ ကာကွယ်ပါ အဓိကသတင်း စကားများ၊ ကိုဗစ်-၁၉ ရောဂါကူးစက်မှုနှင့် ကာကွယ်ရေး လိုက်နာဆောင်ရွက်ရမည့် အချက်များ၊ အနုပညာရှင်များ၏ ကိုဗစ်၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး အသိပညာပေး နှိုးဆော်ချက်များနှင့် စနစ်တကျ လက်ဆေးနည်းများ ပါဝင်သည်။

အဆိုပါသတင်းစကားလက်ကမ်းစာစောင်ဖြန့်ဝေမှုကို ခေါင်လန်ဖူး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှဝန်ထမ်းများက မြို့ပေါ်ရပ်ကွက်များရှိ မိဘပြည်သူများထံ လက်ဝယ်အရောက် ဒုတိယအကြိမ် ဖြန့်ဝေပေးခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။

ဖုန်ကန်(ပူတာအို)


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။