Trending Now

အိန္ဒိယကို ရုရှားနဲ့ ခွဲထုတ်ဖို့ အမေရိကန် ကြိုးစားနေ

Spread the love

အိန္ဒိယကို ရုရှားနဲ့ ခွဲထုတ်ဖို့ အမေရိကန် ကြိုးစားနေ

EPN
နိုင်ငံတကာ၊ ဖေဖော်ဝါရီ ၁၈

အမေရိကန်ဟာ နိုင်ငံရဲ့ အဆင့်အမြင့်ဆုံး တိုက်လေယာဉ်ဖြစ်တဲ့ F-35 ယခုသီတင်းပတ်အတွင်း အိန္ဒိယကို ပထမဆုံး ယူဆောင်လာခဲ့ပါတယ်။

ဒါဟာ အိန္ဒိယကို အစဉ်အလာ စစ်ရေးထောက်ပံ့သူဖြစ်တဲ့ ရုရှားကနေ ခွဲထုတ်ဖို့အတွက် အမေရိကန် အစိုးရရဲ့ အစီအစဉ် တစ်စိတ်တစ်ပိုင်းဖြစ်ပါတယ်။

အိန္ဒိယဟာ နိုင်ငံရဲ့ တိုက်လေယာဉ်တွေကို ခေတ်မီအောင် လုပ်ဆောင်နေရချိန်မှာ ယူကရိန်းစစ်ပွဲကြောင့် လက်နက်ဝယ်ယူဖို့ နှောင့်နှေးမှုတွေဖြစ်ပေါ်နေတဲ့အတွက် အခြားရွေးချယ်စရာတွေကိုပါ ထည့်သွင်း စဉ်းစားနေရပါတယ်။

ဘီလာရုနိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ ရက်သတ္တပတ်ကြာ Aero India လေကြောင်း ပြပွဲမှာ အမေရိကန် ကိုယ်စာလှယ်အဖွဲ့က ၂၇ နှစ်တာသမိုင်းအတွင်း အမေရိကန် နဲ့ အိန္ဒိယ မဟာဗျူဟာမြောက် ဆက်ဆံရေးကို အလေးပေး ဖော်ပြခဲ့ပါတယ်။

အိန္ဒိယသည် ကဏ္ဍစုံသုံး တိုက်လေယာဉ် ၁၁၄ စင်းကို ငါးနှစ်အတွင်း ဝယ်ယူရန် စဉ်းစားနေပြီး တရုတ်၊ ပါကစ္စတန်တို့ နဲ့ တင်မာမှုတွေကြောင့် တိုက်လေယာဉ်တွေကို အဆင့်မြင့်တင်ဖို့ အာရုံစိုက်လာခဲ့ပါတယ်။

F-35 တွေကို အိန္ဒိယက ဝယ်ယူဖို့ လက်ရှိအချိန်မှာ ထည့်သွင်းစဉ်းစားခြင်းမရှိသေး ပေမယ့် အဆိုပါပြပွဲမှာ F-35 နှစ်စင်းပြသမှုဟာ အမေရိကန်-အိန္ဒိယ မဟာဗျူဟာမြောက် ဆက်ဆံရေး ကြီးထွားလာနေတာကို မီးမောင်းထိုးပြနေပါတယ်။

အမေရိကန်က F-35 ကို ဘယ်နိုင်ငံတွေ ဝယ်နိုင်မလဲဆိုတာကို ရွေးချယ်နေပြီး အိန္ဒိယက လေယာဉ်ကို လိုချင်သလားဆိုတာ စဉ်းစားဖို့ အစောပိုင်းအဆင့်မှာပဲ ရှိနေသေးပေမယ့် အိန္ဒိယကလည်း ကမ္ဘာလုံးဆိုင်ရာ ဘီးလူးကြီးတွေနဲ့ ပူးပေါင်းပြီး နိုင်ငံအတွင်းမှာ ကာကွယ်ရေး ပစ္စည်းတွေ ပိုမိုထုတ်လုပ်ချင်နေပါတယ်။

ref; U.S. tries to woo India away from Russia with display of F-35s, bombers

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။