Trending Now

မြစ်ကြီးနား -ပူတာအို သွားလမ်းတွင် ကျောက်ကမ်းပါးပြိုကျမှုကြောင့် ကားဆယ်စီးကျော် ပိတ်ဆို့နေ

Spread the love

မြစ်ကြီးနား -ပူတာအို သွားလမ်းတွင် ကျောက်ကမ်းပါးပြိုကျမှုကြောင့် ကားဆယ်စီးကျော် ပိတ်ဆို့နေ

EPN

မြစ်ကြီးနား ၊ မေလ ၂၈

ကချင်ပြည်နယ် မြစ်ကြီးနား -ပူတာအိုမြို့ သွားရာလမ်း မိုင် ၇၀ အကျော်တွင် ယမန်နေ့ မနက် ၁၀ နာရီဝန်းကျင်ခန့်က ကျောက်ကမ်းပါးပြိုကျမှုကြောင့် လမ်းပိတ်ဆို့မှုဖြစ်ပေါ်နေကြောင်း မြစ်ကြီးနား- ပူတာအို ပြေးဆွဲနေသည့် ကားသမားများထံမှ သိရသည်။

မြစ်ကြီးနား-ပူတာအိုသွားလမ်းမှာ ကွန်ကရစ်လမ်းဖြင့်ခရီးသည်များရာသီမ‌ရွေး သွားလာရန်အ ဆင်ပြေသော လမ်းမကြီးတစ်ခုလည်းဖြစ်သော်လည်း ယမန်နေ့က မိုးရွာသွန်းမှုကြောင့် ကျောက်ကမ်းပါးပြိုကျမှုဖြစ်ပြီး ၎င်းပြိုကျသည့်ကျောက်တုံးကြီးများမှာ လမ်းတွင် ပိတ်နေသည့်အတွက် ခရီးသည်ကားများ ဖြတ်သန်းနိုင်ခြင်းမရှိသေးကြောင်း သိရသည်။

“ဒီလမ်းက သွားလာရတာအဆင်ပြေနေတာ၊မိုးတွင်းဆိုလည်းအဆင်ပြေတယ်၊ဒါပေမဲ့အခုကျောက်တုံးကြီးတွေက ပြိုကျလာတော့ လမ်းကပိတ်မိသွားတာ ၊ဖယ်ရှားပစ်ဖို့အရမ်းများတယ် ၊ပြီးတော့ကျောက်တုံးတွေကလည်းကြီးတော့ အချိန်ပေးပြီးလုပ်ရမှာ ၊ကားတွေက ဆယ်စီးကျော်တယ် ပိတ်နေတာ ဟိုဘက်ဒီဘက်” ဟု ၎င်းကပြောသည်။

အဆိုပါလမ်းပိတ်ဆို့မှုမဖြစ်ခင်အချိန်တွေကလည်း မစူဇွတ်အနီး တပ်မတော်နဲ့ကေအိုင်အေ တိုက်ပွဲဖြစ်ပွားမှုကြောင့် ခရီးအသွားအလားများ ပိတ်ထားခဲ့သေးကြောင်း သိရသည်။

လင်းယုန်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။