Trending Now

ကချင်အမျိုးသား ကွန်ဂရက်ပါတီ (KNC) ဥက္ကဌ အမှုဆက်လက်ရင်ဆိုင်ရန် နေပြည်တော်အကျဉ်းထောင်မှ မြစ်ကြီးနားအကျဉ်းထောင်သို့ လွှဲပြောင်းပို့ဆောင်

Spread the love

ကချင်အမျိုးသား ကွန်ဂရက်ပါတီ (KNC) ဥက္ကဌ အမှုဆက်လက်ရင်ဆိုင်ရန် နေပြည်တော်အကျဉ်းထောင်မှ မြစ်ကြီးနားအကျဉ်းထောင်သို့ လွှဲပြောင်းပို့ဆောင်

EPN

မြစ်ကြီးနား၊ မေလ ၁၀

(၂၀၂၁)ခုနှစ် သြဂုတ်လ (၂၅)ရက်နေ့က နေပြည်တော်မှာ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည့် ကချင်အမျိုးသား ကွန်ဂရက်ပါတီ (KNC) ဥက္ကဌ ဒေါက်တာ အမ်ကောန်လကို မြစ်ကြီးနားမြို့နယ်တရားရုံးမှာ အမှုဆက်လက်ရင်ဆိုင်ရန် ယမန်နေ့(မေလ ၉ ရက်နေ့) မနက် (၉)နာရီခွဲခန့်က နေပြည်တော်အကျဉ်းထောင်မှ မြစ်ကြီးနားအကျဉ်းထောင်သို့ လွှဲပြောင်းပို့ဆောင်ခဲ့ပြီဖြစ်ကြောင်းသိရသည်။

ကချင်အမျိုးသား ကွန်ဂရက်ပါတီ (KNC) ဥက္ကဌ ဒေါက်တာ အမ်ကောန်လကို မတ်လ (၂၃)ရက်နေ့က မန္တလေးတိုင်းဒေသကြီး၊ရမည်းသင်းအကျဉ်းထောင်တွင် ဇမ္ဗူသီရိမြို့နယ်တရားရုံးရဲ့ ရာဇသက်ကြီး၊ပြစ်မှုပုဒ်မ -၅၀၅(က)ဖြင့် ထောင်ဒဏ်(၂)နှစ် ကျခံရန် အမိန့်ချမှတ်ခံထားရပြီး မြစ်ကြီးနားမြို့နယ်တရားရုံးမှာ အမှုဆက်လက်ရင်ဆိုင်ရန် ယမန်နေ့က မြန်မာ့အမျိုးသားလေကြောင်းလိုင်းဖြင့် မြစ်ကြီးနားအကျဉ်းထောင်သို့ ရောက်ရှိလာပြီဖြစ်ကြောင်းသိရသည်။

ဒေါက်တာ အမ်ကောန်လ ကို မြစ်ကြီးနားမြို့ ၊မြို့မရဲစခန်းတွင်လည်း မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဒုဗိုလ်မှူးကြီး သန်းထိုက်မှ တရားလိုပြုကာ ပုဒ်မ ၅၀၅/က ဖြင့် ၂၀၂၁ ခုနှစ် သြဂုတ်လ (၂၆)ရက် က ထပ်မံ၍အမှုဖွင့်တရားစွဲဆိုထားကြောင်း သိရသည်။

လက်ရှိတွင် ကချင်အမျိုးသား ကွန်ဂရက်ပါတီ (KNC) ဥက္ကဌ ဒေါက်တာ အမ်ကောန်လကို ယနေ့ (မေလ ၁၀ရက်နေ့) နေ့လယ် (၁)နာရီခန့်က မြစ်ကြီးနားအကျဉ်းထောင်သို့ပို့ဆောင်လိုက်ပြီ ဖြစ်ကြောင်းသိရသည်။

ဗညားနွဲ့


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။