Trending Now

ပူတာအို၌ မိုးကာလ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နှင်းရေး လုပ်ငန်းကွင်းဆင်း ဆောင်ရွက်

Spread the love

ပူတာအို၌ မိုးကာလ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နှင်းရေး လုပ်ငန်းကွင်းဆင်း ဆောင်ရွက်

EPN
ပူတာအို၊ မေ ၃၀

ကချင်ပြည်နယ်၊ ပူတာအိုမြို့တွင် မိုးရာသီကာလ အဖြစ်များသော သွေးလွန်တုပ်ကွေးရောဂါ မဖြစ်ပွား စေရေးနှင့် သွေးလွန်တုပ်ကွေး ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် မိုးကာလ သွေးလွန်တုပ်ကွေး ရောဂါကာ ကွယ်နှိမ်နှင်းရေးနှင့်အသိပညာပေးခြင်းလုပ်ငန်းများကို မေ(၃၀)ရက် နံနက်(၇)နာရီခွဲမှစတင်၍ ပူတာအိုမြို့ မြို့မရပ်ကွက်၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။

“အခုကိုဗစ်ကာလ မပြီးခင်မှာပဲ မိုးရာသီကိုရောက်ရှိလာပြီဖြစ်ပါတယ်။ မိုးရာသီရောက်လာပြီဆိုတာနဲ့ သွေးလွန်တုပ်ကွေးရောဂါကလည်း ခေါင်းထောင်လာနေပြီ။ ဒါကြောင့် ကိုဗစ်ရောဂါကို Mask တပ်ခြင်း၊ လက် ဆေးခြင်း၊အိမ်မှာနေခြင်းအားဖြင့် ကာကွယ်နိုင်သလို သွေးလွန်တုပ်ကွေးကိုလည်း ဖုံး သွန် လဲ စစ် လုပ်ပေးခြင်း အားဖြင့်ကာကွယ်နိုင်ပါတယ်။ ဖုံး သွန် လဲ စစ် ဆိုတာ မိမိအိမ်နဲ့ ပတ်ဝန်းကျင်မှာရှိတဲ့ မိုးရေထင်ကျန်နိုင်တဲ့ ခွက်၊ အိုးခွက်၊ ကားတာယာအစုတ်တို့မှာ ပိုးလောက်လန်းမပေါက်ပွားအောင် စနစ်တကျရှင်းလင်းရမှာဖြစ်ပါတယ်။ ရေလှောင်ထားတဲ့နေရာတွေ ရေစည်ရေအိုးတွေကိုလည်း ပိုးလောက်လန်းမပေါက်ပွားအောင် အနည်းဆုံး တစ်ပတ်တစ်ခါလောက်ရှင်းပေးခြင်းဖြင့် သွေးလွန်တုပ်ကွေး ရောဂါကိုကာကွယ်ကြရမှာဖြစ်ပါတယ်” ဟု သူနာပြု ဆရာမ ဒေါ်လုဂျာက အသိပညာပေးပြောကြားသည်။

အဆိုပါသွေးလွန်တုပ်ကွေးကာကွယ်နှိမ်နှင်းရေးလုပ်ငန်းများကို ကျန်းမာရေးဝန်ထမ်းများ၊မီးသတ်တပ် ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင် များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင် များက ပိုးလောက်လန်း များပေါက် ပွားနိုင်သော ရေစည်ရေအိုး၊ ပန်းအိုး၊ရေကြည်ရေသန့်များကို ဖုံး သွန် လဲ စစ် ပြုလုပ်ခြင်း ၊ အဘိတ်ဆေးခတ် ခြင်းများ၊ ကာကွယ်ရေး နည်းစနစ်များကို အသံချဲ့စက်ဖြင့် အသိပညာပေးဟောပြောခြင်းများကို ပူးပေါင်းအဖွဲ့ များက ရပ်ကွက်လမ်းတစ်လျောက်နှင့်တစ်အိမ်ဝင် တစ်အိမ်ထွက်ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဖုန်ကန်(ပူတာအို)


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။