Trending Now

မြောက်ကိုရီးယားက ရုရှားကို လက်နက်ထောက်ပံ့နေသည်ဟု အမေရိကန်ပြော

Spread the love

မြောက်ကိုရီးယားက ရုရှားကို လက်နက်ထောက်ပံ့နေသည်ဟု အမေရိကန်ပြော

EPN
နိုင်ငံတကာ၊ နိုဝင်ဘာ ၃

ယူကရိန်းစစ်ပွဲအတွက် မြောက်ကိုးရီးယားက ရုရှားထံ သိသိသာသာ အမြောက်ကျည်များစွာ ပေးပို့နေကြောင်း အိမ်ဖြူတော်က နိုဝင်ဘာ ၂ ရက်နေ့တွင် စွပ်စွဲ ပြောကြားလိုက်သည်။

မြောက်ကိုရီးယားသည် အရှေ့အလယ်ပိုင်းနှင့် မြောက်အာဖရိကမှတစ်ဆင့် ရုရှားနိုင်ငံသို့ ခဲယမ်းများကို လျှို့ဝှက်တင်ပို့ခဲ့ကြောင်း အမေရိကန်က ပြောကြားခဲ့သည်။

အမျိုးသားလုံခြုံရေးပြောရေးဆိုခွင့်ရှိသူ John Kirby က ခဲယမ်းများသည် ရုရှားနိုင်ငံသို့ရောက်ရှိခြင်း ရှိ၊ မရှိ မရှင်းလင်းသော်လည်း မည်သည့်အခြေအနေတွင်မဆို စစ်ပွဲ၏ ရလဒ်သည် ပြောင်းလည်းမည်မဟုတ်ဟု ပြောဆိုခဲ့သည်။

မြောက်ကိုရီးယားသည် ရုရှားနိုင်ငံသို့ လက်နက်များ သို့မဟုတ် ခဲယမ်းမီးကျောက်များကို မည်သည့်အခါမျှ ထောက်ပံ့ပေးခြင်းမရှိကြောင်းနှင့် ထိုသို့လုပ်ဆောင်ရန် အစီအစဉ်မရှိကြောင်း စက်တင်ဘာတွင် ပြောကြားခဲ့သည်။

ယူကရိန်းစစ်ပွဲတွင် ရုရှားထံသို့ မြောက်ကိုရီးယား၏ လက်နက်များ၊ အီရန်က ဒရုန်းများနှင့် မြေပြင်မှ မြေပြင်ပစ် ဒုံးကျည်များ တင်ပို့ရောင်းချမည်ကို အမေရိကန်က စိုးရိမ်လျက်ရှိသည်။

— ကိုးကား —
aljazeera
ref; North Korea covertly shipping artillery shells to Russia, US says


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။