Trending Now

” ပါ စပ် နဲ့ ပြော တာ လား နှ လုံး သား နဲ့ ပြော တာ လား “

Spread the love

” ပါ စပ် နဲ့ ပြော တာ လား နှ လုံး သား နဲ့ ပြော တာ လား ” 


EPN 
ဆောင်းပါး၊ သြဂုတ် ၂၂

” ငြိမ်း ချမ်း ရေး က ကျွန် တော် တို့ ရဲ့ မူ ဝါ ဒ ပါ ။ အဲ့ တော့ တိုက် ခိုက် မှု ကို ဘယ် ဖက် က ပဲ လုပ် လုပ် ကျွန် တော် တို့ မ နှစ် သက် ပါ ဘူး ။ ကျွန် တော် တို့ အ ထူး သ ဖြင့် နိုင် ငံ မှာ ရေ ရှည် တည် တန့် တဲ့ ငြိမ်း ချမ်း ရေး မျိုး ရ ရှိ အောင် ကြိုး စား နေ ရ ဆဲ ပါ ။ ဒီ လို တိုက် ခိုက် မှု တွေ ပေါ် ထွက် လာ တာ က ကျွန် တော် တို့ ငြိမ်း ချမ်း ရေး ဖြစ် စဉ် တွေ ကို အ များ ကြီး အ နှောက် အ ယှက် ဖြစ် စေ ပါ တယ် ”

လို့ လက် ရှိ အ စိုး ရ ပါ တီ ရဲ့ ပြော ရေး ဆို ခွင့် ရှိ သူ ဒေါက် တာ မျိုး ညွန့် က သြ ဂုတ် လ ၁၈ ရက် နေ့ မှာ နေ ပြည် တော် မှာ သ တင်း ထောက် တွေ ကို ပြော ခဲ့ တယ် ။

ရှမ်း ပြည် မြောက် ပိုင်း မှာ မြောက် ပိုင်း မ ဟာ မိတ် အ ဖွဲ့ လို့ သတ် မှတ် ထား တဲ့ လက် နက် ကိုင် ၃ ဖွဲ့ နဲ့ မြန် မာ စစ် တပ် နဲ့ စစ် တွေ ဖြစ် နေ တာ အား လုံး သိ ပြီး ကြ ပြီး ဖြစ် ပါ လိမ့် မယ် ။ စ ဖြစ် တဲ့ ၁၅ ရက် နေ့ သြ ဂုတ် လ ပြင် ဦး လွင် နည်း ပ ညာ စစ် တ က္က သိုလ် ကိ စ္စ လည်း သိ ပြီး ဖြစ် ကြ မယ် လို့ ထင် တယ် ။

လူ တွေ လည်း ခ ဏ ခ ဏ သေ နေ ရ ပြီ ဆို တော့ ယျ ထာ ဘူ တ ကျ ကျ တွေး ကြ ရ အောင် ။

မြန် မာ နိုင် ငံ ဘယ် နိုင် ငံ နဲ့ မှ စစ် မ ဖြစ် ရ ပဲ ကိုယ့် အ ချင်း ချင်း စစ် တွေ ဖြစ် ပြီး စစ် စ ရိပ် တွေ ကုန် နေ ရ တယ် ။ အ ရပ် သား တွေ ကော ၊ စစ် တိုက် နေ တဲ့ ၂ ဖက် လုံး က စစ် သား တွေ ကော ၊ စစ် ကြောင့် အ န္တ ရယ် ဖြစ် နေ ကြ တဲ့ သူ တွေ ကို သွား ကယ် တဲ့ လူ တွေ ကော အ များ ကြီး သေ ခဲ့ ရ တယ် ။ သေ နေ ကြ တုန်း ပဲ ။

ဒါ စိတ် မ ကောင်း ပါ ဘူး ၊ မ နှစ် သက် ပါ ဘူး ဆို တာ နဲ့ ပြီး မ လုံ လောက် ဘူး ။ ဘယ် လို ဆက် လုပ် ဖို့ အ ကြောင်း ရှိ ပါ သ လဲ လို့ သေ သွား တဲ့ ပြည် သူ တွေ ကိုယ် စား ကော မ သေ သေး ပဲ နောက် ထပ် သေ သွား နိုင် မယ့် ပြည် သူ တွေ ကိုယ် စား ကော မေး ဖို့ လို လာ ပါ တယ် ။

ရေ ရှည် ငြိမ်း ချမ်း ရေး ရ အောင် လုပ် နေ ပါ တယ် ဆို ရင် ဘယ် လို နည်း နဲ့ လုပ် နေ တာ လဲ ပြော ပြ ကြ ဖို့ လို ပါ လိမ့် မယ် ။ တစ် ဖက် စီ ကို သေ နတ် တွေ ပေး ထား ပြီး မင်း တို့ ရန် မ ဖြစ် ကြ နဲ့ ကွာ လို့ ကြား က ဝင် စေ့ စပ် ပေး မယ့် နည်း နဲ့ ရေ ရှည် ငြိမ်း ချမ်း ရေး တည် ဆောက် လို့ ရ ပါ့ မ လား ။

အဲ့ လို လုပ် လို့ တ ကယ် ရေ ရှည် ငြိမ်း ချမ်း ရေး ရ မှာ ပါ လား ။ ဘယ် လောက် ထပ် ကြာ အုံး မှာ ပါ လဲ ။ မ ရ ခင် စပ် ကြား ပြည် သူ တွေ အ ခု လို သေ ကြေ ပျက် စီး မှု ထပ် ခံ စား ကြ ရ အုံး မှာ ပါ လား ။ မေး ခွန်း တွေ အ များ ကြီး ပါ ။

တ ကယ် လို့ အဲ့ ဒီ နည်း နဲ့ ငြိမ်း ချမ်း ရေး ဖြစ် အောင် လုပ် ပေး မယ် လို့ စိတ် ကူး နေ ကြ ရင် ပြည် သူ ကို လည်း သေ နတ် ပေး ကိုင် ထား ရ မယ် ထင် တယ် ။ ဘာ လို့ လဲ ဆို နှစ် ၇၀ လောက် ရှိ ပြီ အဲ့ ဒီ နည်း နဲ့ ငြိမ်း ချမ်း ရေး လုပ် နေ တာ နောက် ထပ် နှစ် ပေါင်း ၇၀ လောက် ထပ် စောင့် လည်း အ ခန့် မ သင့် ရင် ထ ချ ကြ အုံး မှာ ပဲ ။

သေ နတ် ရှိ တဲ့ သူ အ ချင်း ချင်း စိတ် မ ကျေ နပ် လို့ ထ ချ ရင် ကြား က ဘာ သေ နတ် မှ မ ရှိ တဲ့ ပြည် သူ က သေ ပေး ရ တာ အ ဓိ ပ္ပါယ် တော့ မ ရှိ ဘူး ။ မ လို အပ် တဲ့ သူ တွေ သေ နတ် ကိုင် မ ထား နိုင် ဖို့ တာ ဝန် ရှိ သူ တွေ အာ ရုံ စိုက် သင့် တယ် ။

ခြေ ဥ ပြင် လို့ မ ပြီး မ ချင်း ၊ ငြိမ်း ချမ်း ရေး မ ရ မ ချင်း ဆို တဲ့ စ ကား က မြန် မာ နိုင် ငံ မှာ ဒီ တစ် သက် မ ဟုတ် ဘူး နောက် ဘ ဝ အ ထိ တောင် ပြော လို့ ရ တဲ့ စ ကား တွေ ဖြစ် လာ ပြီ လား လို့ ကိုယ် တိုင် ပြန် တွေး ကြည့် ကြ ဖို့ လို လာ ပြီ ။ အဲ့ ဒီ စ ကား တွေ နဲ့ တစ် ဖက် နဲ့ တစ် ဖက် လက် ညိုး ထိုး ပြီး အ ပြစ် ရှောင် နေ သ လို ဖြစ် နေ ရင် မ ကောင်း ဘူး ။

ပြင် မယ့် သူ တွေ ညှိ မယ့် သူ တွေ က ကြာ လည်း ပြ ဿ နာ မ ရှိ ပေ မယ့် ပြည် သူ တွေ အ ဆင် မ ပြေ တော့ ဘူး ။ ဒါ ကို သိ လာ ကြ ဖို့ လို လာ ပြီ ။

ပြည် သူ ကို သေ နတ် ပေး မ ကိုင် စေ ချင် ရင် အား လုံး ကို လည်း တစ် က မ္ဘာ လုံး စံ နှုန်း နဲ့ အ ညီ သာ သေ နတ် ကိုင် သင့် တယ် ။ သေ နတ် ကိုင် ထား တဲ့ လူ တွေ ရဲ့ သေ နတ် တွေ ကြောင့် အ ပြစ် မ ရှိ တဲ့ ပြည် သူ တွေ မ သေ သင့် တော့ ဘူး ။

စစ် တပ် က တ ရား ဝင် အ ဖွဲ့ အ စည်း ဖြစ် လို့ တ ရား ဝင် မ ဟုတ် တဲ့ ပြည် သူ တွေ ကို သေ စေ တဲ့ အ ဖွဲ့ အ စည်း တွေ အား လုံး သေ နတ် ကိုင် လို့ မ ရ အောင် ရှင်း ပေး ရ ပါ မယ် ။ အဲ့ လို လုပ် လို့ ရ အောင် အ ခွင့် အာ ဏာ ကို အ စိုး ရ က ဆောင် ရွက် ပေး ရ ပါ မယ် ။

အ ခု မူ ဆယ် မ န္တ လေး ကုန် သွယ် ရေး လမ်း မ ကြီး လည်း ပိတ် သ လို ဖြစ် သွား ပြီ ။ ကြာ ရင် ကုန် သွယ် ရေး ထိ ခိုက် လာ ပြီး တောင် သူ တွေ ပြည် သူ တွေ ထိ ခိုက် လာ တော့ မယ် ။ ဒါ ကို သက် ဆိုင် သူ တွေ အ အိပ် အ စား တောင် မ ပျက် ကြ ဘူး ဆို ရင် မ သင့် ပါ ဘူး ။

အ တွေ့ အ ကြုံ ရယ် ကျွမ်း ကျင် မှု ရယ် နည်း ပါး မှု ကြောင့် အ စိုး ရ ဟာ ထွက် ပေါက် ပိတ် သ လို ဖြစ် နေ တယ် ။ စီး ပွား ရေး ကော ငြိမ်း ချမ်း ရေး ကော နိုင် ငံ ရေး မှာ ပါ အ ကြပ် အ တည်း ကို ရင် ဆိုင် နေ ရ တယ် ။ ဒီ လို ရင် ဆိုင် နေ ရ ပေ မယ့် ဖြေ ရှင်း နေ ပုံ ကို မှန် မှန် ကန် ကန် ဖြစ် စေ မယ့် သူ တွေ နဲ့ အ ကြောင်း အ ရာ တွေ ကို မ တွေ့ ရ သေး ဘူး ။

ပြော ရ ရင် နား လည် တတ် ကျွမ်း တဲ့ သူ တွေ ထက် ကိုယ့် ဖာ သာ ကိုယ် အ ဆင် ပြေ အောင် ဖြေ ရှင်း နေ တဲ့ ပုံ သာ မြင် ရ တယ် ။

( အ ခု စစ် ဖြစ် နေ တဲ့ သူ ပုန် အ ဖွဲ့ တွေ ကို အ ကြမ်း ဖက် အ ဖွဲ့ အ ဖြစ် သတ် မှတ် ဖို့ နဲ့ NGO တွေ က ထောက် ပံ့ ပေး တဲ့ အ ထောက် အ ပံ့ တွေ ကို အဲ့ ဒီ အ ဖွဲ့ တွေ ဆီ မ ရောက် အောင် လုပ် ဖို့ ပြည် သူ့ လွှတ် တော် မှာ ၁၉ ရက် နေ့ တ န င်္လာ နေ့ မှာ အ ဆို တင် တယ် လို့ ကြား တယ် ။ အ များ စု မ ထောက် ခံ လို့ မှတ် တမ်း ပဲ ဖြစ် ခဲ့ တယ် လို့ ပြော တယ် ။ ဟုတ် မ ဟုတ် တော့ သေ ချာ မ သိ ဘူး ။ ဟုတ် ရင် တော့ မ ကောင်း ဘူး )

တစ် ခု သိ ချင် တာ တစ် လျှောက် လုံး ပြည် သူ တွေ သေ စေ ပြီး အ ခု လည်း တံ တား တွေ ချိုး ကား တွေ ကို ပစ် နေ ကြ တဲ့ အဲ့ ဒီ အ ဖွဲ့ တွေ ကို ဘာ ဖြစ် လို့ အ ကြမ်း ဖက် နေ တာ အ ဖြစ် မ သတ် မှတ် သေး တာ လည်း ဆို တာ လည်း သိ ချင် မိ တယ် ။

တ ရား မ ဝင် သေ နတ် ကိုင် ထား တဲ့ အဲ့ ဒီ အ ဖွဲ့ တွေ အ ပေါ် နဲ့ အဲ့ ဒီ တ ရား မ ဝင် ကိုင် ထား တဲ့ သေ နတ် တွေ ကြောင့် သေ ရ တဲ့ ပြည် သူ တွေ အ ပေါ် လက် ရှိ လွှတ် တော် ၊ အ စိုး ရ နဲ့ ပါ တီ ရဲ့ ထား တဲ့ သ ဘော ထား ကို နား မ လည် ပါ ဘူး ။

မြန် မာ ပြည် ရဲ့ အ လယ် ဗ ဟို မ န္တ လေး ပြင် ဦး လွင် ( စစ် ) တပ် မြို့ ကို တောင် လာ ပစ် နေ ကြ တဲ့ အ ပြင် ရှိ သ မျှ တံ တား တွေ ရ သ လောက် ဖျက် စီး နေ ကြ တဲ့ အ ဖွဲ့ တွေ ကို လွှတ် တော် က အ မတ် တွေ သ ဘော ကောင်း နေ ကြ တုန်း ပါ ပဲ ။ တစ် ခြား မြို့ တွေ ပါ လုံ ခြုံ နေ ပါ တယ် လို့ ထင် နေ ကြ လား မ သိ ဘူး ။ မ ထိ သေး သ ရွေ့ လုံ ခြုံ တယ် ဆို တဲ့ သ ဘော များ လား ။

အ ခု မြောက် ပိုင်း ဖြစ် တဲ့ ကိ စ္စ က မူး ယစ် ဆေး ဝါး ကြောင့် ဖြစ် ရ တာ ဆို ပြီး ပြော ကြ တယ် ။ ၂၅ ရက် နေ့ က မူး ယစ် ဆေး ဝါး ထုတ် လုပ် တဲ့ နေ ရာ ကို ဝင် ဖမ်း တာ သက် ဆိုင် သူ တွေ အ ထိ နာ ကုန် တယ် ။ မူး ယစ် ဆေး ဝါး သာ မ ရှိ ရင် လက် နက် ကိုင် တစ် ချို့ ရပ် တည် လို့ မ ဖြစ် နိုင် တော့ ဘူး ဆို တာ တော့ သေ ချာ ပါ တယ် ။

ပါး စပ် တွေ နဲ့ ချစ် ပြ နေ ကြ တာ တွေ ၊ သ နား နေ ပြ ကြ တာ တွေ ၊ စိတ် မ ကောင်း ဖြစ် ပြ နေ ကြ တာ တွေ ၊ နိုင် ငံ ရေး အ ရ စစ် ပွဲ တွေ ရပ် လို့ အော် နေ ကြ တာ တွေ က မြန် မာ နိုင် ငံ မှာ ခါး သီး စ ရာ ကောင်း တဲ့ အ သံ တွေ ဖြစ် လာ တယ် ။

ပြည် သူ တွေ ကို သေ ကြေ ပျက် စီး စေ ပြီး စီး ပွား ရေး လုပ် လို့ မ ရ ဖြစ် စေ တဲ့ သူ တွေ ကို နှိမ် နှင်း ဖို့ နေ နေ သာ သာ လူ ဆိုး တွေ လို့ တောင် မ သတ် မှတ် ချင် ကြ တဲ့ လူ တွေ နဲ့ နေ ထိုင် ရ တဲ့ အ ချိန် လို ဖြစ် နေ တယ် လို့ ပြည် သူ အ များ စု က မြင် နေ ကြ တယ် ။ သေ သွား တဲ့ သူ တွေ ကို မျက် နှာ ပူ ဖို့ ရှက် ဖို့ ကောင်း ပါ တယ် ။

ပြည် သူ တွေ ကို တ ကယ် သ နား တာ ဆို ရင် သေ ချာ အ ဖြေ ရှာ စဉ်း စား ကြ ဖို့ လို ပါ တယ် ။

အ ခု ပြော နေ ကြ တဲ့ ပြည် သူ တွေ ကို ဘာ ဖြစ် ပါ တယ် ညာ ဖြစ် ပါ တယ် ဆို တာ ပါး စပ် နဲ့ ပြော နေ ကြ တာ လား စိတ် ထဲ က တ ကယ် ပါ လို့ ပြော နေ ကြ တာ လား ဆို တာ လုပ် ရပ် တွေ က သ မိုင်း မှာ သက် သေ ပြ ကြ ပါ လိမ့် မယ် ။

မိုး တင့် ( ရန် ကုန် တ က္က သိုလ် )


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။