Trending Now

အင်းတော်ကြီးဒေသရှိ စက်သုံးဆီအရောင်းဆိုင်တစ်ခု၌ ဆီသိုလှောင်ကန်သို့ မော်တာဖြင့်ပြောင်းထည့်စဉ် အပူလွန်ကဲပြီး မီးလောင်မှု ဖြစ်ပွား

Spread the love

အင်းတော်ကြီးဒေသရှိ စက်သုံးဆီအရောင်းဆိုင်တစ်ခု၌ ဆီသိုလှောင်ကန်သို့ မော်တာဖြင့်ပြောင်းထည့်စဉ် အပူလွန်ကဲပြီး မီးလောင်မှု ဖြစ်ပွား

EPN
အင်းတော်ကြီး ၊နိုဝင်ဘာ ၄

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသ ညောင်ပင်ကျေးရွာအဝင် ဆန်းလိုက် ပန့်ဆီဆိုင်တစ်ဆိုင်တွင် ယမန်နေ့ နေ့လည်ပိုင်းက ၁၂ဘီးယာဉ်ပေါ်မှ ဆီသိုလှောင်ကန်သို့ မော်တာဖြင့်ပြောင်းထည့်စဉ် အပူလွန်ကဲပြီး မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ နိုဝင်ဘာလ ၃ရက်နေ့ နေ့လည်ပိုင်း၁၂နာရီခွဲ အချိန်ခန့်က ဆီသိုလှောင်ကန်သို့ ၁၂ဘီးကားယာဉ်ပေါ်မှ ဆီပေပါများဆီလှောင်ကန်သို့ မော်တာပန့်ခေါင်းဖြင့် ဆီပြောင်းထဲ နေစဉ် မတော်တဆ အပူလွန်ကဲရာမှ မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

“၁၂ဘီးကားပေါ်က ဒီဇယ်ပေပါများကို အောက်က ဆီပေပါ ဆီပန့်ခေါင်းနဲ့ပြောင်းထည့်တာ ပန့်မော်တာ ခေါင်းအပူလွန်ကဲပြီးမှ မီးလောင်တာလို့သိရတယ် မီးလောင်တာက ၁၂နာရီခွဲကနေလောင်တာ ကျနော်တို့ ဒေသခံ မီးသတ်သမားတွေက မီးငြိမ်းသတ်ယာဉ် ကားသုံးစီး သန္ဓေမီးသတ်သမား၆ဦးနဲ့အရန်မီးသတ်သမား ၂၀ဦးတို့က မနားတမ်း မီးငြိမ်းသတ်လိုက်တာ ညနေ၃နာရီခွဲအချိန်မှာ မီးငြိမ်းသတ်နိုင်ပါတယ်”ဟု မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

မီးလောင်မှုကြောင့် ပေ၂၀ ပေ၄၀ အုပ်ကပ်နံရံ သွပ်မိုးအိမ်တစ်လုံး ၁၂ဘီးဆီသယ်မော်တော်ယာဉ်ကား၁စီး ဒီဇယ်ပေပါ ၁၅လုံး ကာလတန်ဖိုးစုစုပေါင်း သိန်း၃၀၀နီးပါးခန့် ပျက်စီးဆုံးရှုံးဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ဆန်းလိုက်ဆီဆိုင်ပိုင်ရှင်အား အင်းတော်ကြီးမြို့ လုံးတုံ နယ်မြေရဲစခန်းမှ မီးပေါ့ဆမှုကြောင့် ၂၈၅ ဖြင့် အရေးယူဆောင်ရွက်ထားကြောင်းသိရသည်။

ရန်ကျော်

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။