Trending Now

မော်လမြိုင်မြို့မှ လူနာပို့ဆောင်ပြီး ပြန်လာသည့် လူမှုကူညီရေးယာဉ်တစ်စီးအား မိုင်းဆွဲ တိုက်ခိုက်ခံရမှုကြောင့် ယာဉ်မောင်း နှင့် အကူယာဉ်မောင်းမိုင်းစထိမှန်ဒဏ်ရာများ ရရှိ

Spread the love

မော်လမြိုင်မြို့မှ လူနာပို့ဆောင်ပြီး ပြန်လာသည့် လူမှုကူညီရေးယာဉ်တစ်စီးအား မိုင်းဆွဲ တိုက်ခိုက်ခံရမှုကြောင့် ယာဉ်မောင်း နှင့် အကူယာဉ်မောင်းမိုင်းစထိမှန်ဒဏ်ရာများ ရရှိ

EPN
မြစ်ကြီးနား ၊ စက်တင်ဘာ ၁၀

မော်လမြိုင်မြို့မှ လူနာပို့ဆောင်ပြီး ပြန်လာသည့် လူမှုကူညီရေးယာဉ်တစ်စီးအား အကြမ်းဖက် သမားများက မိုင်းဆွဲတိုက်ခိုက်မှုကြောင့် ယာဉ်မောင်း နှင့် အကူယာဉ်မောင်း တို့တွင်မိုင်းစများ ထိမှန်ဒဏ်များရရှိခဲ့ကြောင့်း ပြန်ကြားရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ထား သည်။

ဖြစ်စဉ်မှာ စက်တင်ဘာလ ၉ ရက်နေ့ နံနက် ၁ နာရီခွဲအချိန်ခန့်တွင် အောင်မင်္ဂလာလူမှုကူညီရေးယာဉ်ဖြင့် လူနာသွားရောက်ပို့ဆောင်ပြီး ရေးမြို့သို့ပြန်လည် ထွက်ခွဲလာပြီးနောက် သံဖြူဇရပ်မြို့နယ် ၊ ပိန္နဲတော ကျေးရွာအနီးအရောက်၌ အကြမ်းဖက်သမားများက မိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့သဖြင့် ယာဉ်မောင်း မောင်နေလင်းဦး တွင် လည်ပင်းမိုင်းစ ဖောက်ဝင်ဒဏ်ရာတစ်ချက်၊ ဝဲမျက်ခုံးကွဲ၊ ဦးခောင်းနောက်စေ့ပေါက်ပြဲ ဒဏ်ရာများနှင့် မောင်ညီလင်းထွန်း တွင် နဖူးယာဘက်ရောင်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။

ထိုကဲ့သို့ ပရဟိတလူမှုကူညီရေးယာဉ်များအား တိုက်ခိုက်ခဲ့သည့် အကြမ်းဖက်သမားများအား ဖမ်းဆီးနိုင်ရေးအတွက် နယ်မြေခံလုံခြုံရေး တပ်ဖွဲ့ဝင်များက လုပ်ငန်းစဉ်များနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

လှဆောင်

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။