Trending Now

အမေရိကတိုက်တစ်ခုလုံးကို ပစ်ခတ်နိုင်တဲ့ ဒုံးကျည်ကို မြောက်ကိုရီးယား ပစ်ခတ်

Spread the love

အမေရိကတိုက်တစ်ခုလုံးကို ပစ်ခတ်နိုင်တဲ့ ဒုံးကျည်ကို မြောက်ကိုရီးယား ပစ်ခတ်

EPN
နိုင်ငံတကာ၊ နိုoင်ဘာ ၁၈

ဒီနေ့ နိုဝင်ဘာ ၁၈ ရက်နေ့က ပစ်လွှတ်လိုက်တဲ့ မြောက်ကိုရီးယားရဲ့ ဒုံးကျည်စမ်းသပ်မှုဟာ အမေရိကတိုက်တစ်ခုလုံးကို ရောက်ရှိနိုင်တယ်လို့ ဂျပန်ကာကွယ်ရေးဝန်ကြီး ဟာမန်ဒါ က ပြောပါတယ်။

အဲ့ဒီတိုက်ချင်းပစ် ဒုံးကျည်( ICBM )လို့ယူဆရတဲ့ အရာဟာ အမြင့်ပေ ၆၀၀၀ ကီလိုမီတာ (၃၆၀၀ မိုင်) ကနေ ကီလိုမီတာ ၁၀၀၀ (မိုင် ၆၂၀) အထိ ပျံသန်းခဲ့တယ်လို့ ဟာမန်ဒါက သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

ဒုံးခွင်းဒုံး ထားရမယ့် ထိပ်ဖူးရဲ့ အလေးချိန်အပေါ်မှုတည်ပြီး ဒုံးကျည်ဟာ အကွာအဝေး ကီလိုမီတာ ၁၅၃၂၀ (မိုင် ၉၃၂၀) ထက်ကျော်လွန်ကာ ပျံသန်းနိုင်တယ်လို့ ဂျပန်ကာကွယ်ရေးဌာနက ခန့်မှန်းထားပါတယ်။

တရုတ်နဲ့ ရုရှားကို မြောက်ကိုရီးယားအပါ် ဖိအားပေးဖို့ တောင်းဆိုနေတဲ့ အမေရိကန်ရဲ့ လှုပ်ရှားမှုကို ဆန့်ကျင်တဲ့အနေနဲ့ မြောက်ကိုရီးယားက ဒီလက်နက်ကို စမ်းသပ်ပြခဲ့တာလို့ ကျွမ်းကျင်သူအချို့က ဆိုပါတယ်။

တောင်ကိုရီးယားပူးတွဲစစ်ဦးစီးချုပ်ရုံးရဲ့ ထုတ်ပြန်ချက်မှာလည်း (ICBM )လို့ ယူဆရတဲ့ ဒုံးကျည်ကို နံနက် ၁၀ နာရီ ၁၅ မိနစ်မှာတွေ့ရှိခဲ့ပြီး နိုင်ငံကို ဖြတ်ကျော်ကို အရှေ့ဘက်ကမ်းရိုးတန်းကို ပျံသန်းသွားတယ်လို့ ဖော်ပြခဲ့ပါတယ်။

လက်ရှိအချိန်မှာတော့ မြောက်ကိုရီးယား ဒုံးကျည်ပစ်လွှတ်မှုကို ဆွေးနွေးဖို့ အရေးပေါ် လုံခြုံရေး အစည်းအဝေး ခေါ်ယူထားတယ်လို့ တောင်ကိုရီးယား သမ္မတရုံးက ပြောပါတယ်။

— ကိုးကား —
အေပီ
Ref; Japan: NKorea missile test shows potential ability to hit US

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။