Trending Now

ေသြးလြန္တုတ္ေကြးေရာဂါကာကြယ္ႏွိမ္နင္းေရး အသိပညာေပးျခင္းႏွင့္ (Abate) ေဆးခပ္ျခင္း လုပ္ငန္းေဆာင္ရြက္

Spread the love


ေသြးလြန္တုတ္ေကြးေရာဂါကာကြယ္ႏွိမ္နင္းေရး အသိပညာေပးျခင္းႏွင့္ (Abate) ေဆးခပ္ျခင္း လုပ္ငန္းေဆာင္ရြက္

EPN
အင္းေတာ္ႀကီး၊  ေမ ၁၃
ေသြးလြန္တုတ္ေကြးေရာဂါကာကြယ္ႏွိမ္နင္းေရး အသိပညာေပးျခင္းႏွင့္ (Abate) ေဆးခပ္ျခင္းလုပ္ငန္း ကို ေမလ ၁၃ ရက္ေန႕၊ နံနက္ပိုင္းက အင္းေတာ္ႀကီးေဒသ၊ မမုန္ကုိင္အုပ္စု၊ မိုင္းေနာင္ေက်းရြာတြင္ ျပဳလုပ္ခဲ့ေၾကာင္းသိရသည္။
မုိးညွင္းျမိဳ႕နယ္ အင္းေတာ္ႀကီးေဒသ မမုန္ကုုိင္ေက်းရြာအုပ္စု မုိင္းေနာင္ေက်းရြာ အုပ္ခ်ဳပ္ေရးရုံး၌ ယေန႔နံနက္(၇)နာရီအခ်ိန္က ေသြးလြန္တုတ္ေကြးေရာဂါ ကာကြယ္ႏွိမ္နင္းေရး အသိပညာေပးျခင္းႏွင့္ ရြာတြင္းသို႕ ကြင္းဆင္း အဘိတ္ေဆးခတ္ျခင္း ေဆာင္ရြက္ခဲ့ေၾကာင္း ျပည္သူ႕က်န္းမာေရးဌာနမွ သိရသည္။
“မုိးရာသီေရာက္ရွိခ်ိန္ မိမိအိမ္အတြင္း ပတ္ဝန္းက်င္မွာ ပုိးေလာက္လန္းမ်ား၊ ျခင္မ်ား မေပါက္ဖြားရေအာင္ အခုလုိႀကိဳတင္ျပင္ဆင္ပညာေပးေဆာင္ရြက္ရျခင္းျဖစ္တယ္၊ ေရာဂါျဖစ္ပြားခဲ႔လွ်င္ အျပင္ေဆးခန္း စပ္ေဆးေတြနဲ႔ ရမ္းျပီး မကုသေစခ်င္ဘူး အသက္အႏၲရာယ္ရွိႏုိင္တဲ႔အတြက္ ေဆးရုံသုိ႔ အျမန္ဆုံးသြားေရာက္ ကုသမႈကုိ ခံယူေစခ်င္ပါတယ္” ဟု ျပည္သ႔ူက်န္းမာေရးႀကီးႀကပ္(၂) ဆရာေအာင္မ်ိဳးထြဋ္မွ ေျပာသည္။
ေသြးလြန္တုတ္ေကြးေရာဂါသည္ ဗုိင္းရပ္စ္ပုိးေႀကာင့္ျဖစ္ပြား၍ အသက္(၁၅)ႏွစ္ေအာက္ကေလးမ်ားတြင္ အမ်ားဆုံးျဖစ္ပြားတတ္သည္။ ျမန္မာႏုိင္ငံတြင္(၃)ႏွစ္မွ (၈)ႏွစ္အရြယ္တြင္ အမ်ားဆုံးျဖစ္ပြားတတ္ျပီး လူႀကီးမ်ားတြင္လည္း ျဖစ္ပြားႏိုင္သည္။ တစ္ႏွစ္ပတ္လုံးကူးစက္ႏုိင္ျပီး မုိးရာသီတြင္အမ်ားဆုံးျဖစ္ပြားတတ္သည္ ျခင္းက်ားကုိက္ျခင္းျဖင့္ ေတာေရာျမိဳ႕ပါျဖစ္ပြားတတ္သည္။ အိမ္တုိင္း/ရြာတုိင္း/ရပ္ကြက္တုိင္း/ျမိဳ႕တုိင္းတြင္ ပုိးေလာက္လန္းႏွိမ္ႏွင္းေရးလုပ္ငန္းမ်ားကုိ ျပည္သူမ်ားအားလုံးတစ္ျပိဳင္နက္ေဆာင္ရြက္ႀကရမည္ဟု က်န္းမာေရးဌာနမွ အသိေပးႏႈိေဆာ္ထားသည္။
ေမလမွစျပီ္း ေအာက္တုိဘာလအထိ ေရအုိး၊ ေရခြက္၊ ေရစည္၊ ေညာင္ေရအုိးမ်ားႏွင့္ မုိးေရတင္က်န္ႏုိင္သည့္ ဘူးခြက္၊ တာယာေဟာင္းမ်ားကုိ (ဖုံး၊ သြန္၊ လွဲ၊ စစ္) အပတ္စဥ္တုိင္းျပဳလုပ္ေပးသင့္သည္ဟုလည္း သိရသည္။
အဆုိပါ ေသြးလြန္တုတ္ေကြးေရာဂါႏွိမ္နင္းေရး(Abate)ေဆးခပ္ျခင္းလုပ္ငန္းကုိ က်န္းမာေရး ဆရာ/မမ်ား(၈)ဦး ႏွင့္ အုပ္ခ်ဳပ္ေရးအဖဲြ႔မ်ား၊ ေမလ(၁၃)ရက္ေန႔မွစ၍ အိမ္ေျခ(၁၁၆၇)အိမ္ႏွင့္ ရပ္ကြက္ (၅)ရပ္ကြက္ ရွိေသာ မုိင္းေနာင္ရြာေက်းရြာတြင္ တစ္အိမ္တက္တစ္အိမ္ဆင္း ကြင္းဆင္းေဆာင္ရြက္သြားမည္ ျဖစ္ေၾကာင္း သိရသည္။
ေနၾကာ
———————————————————————–

သွေးလွန်တုတ်ကွေးရောဂါကာကွယ်နှိမ်နင်းရေး အသိပညာပေးခြင်းနှင့် (Abate) ဆေးခပ်ခြင်း လုပ်ငန်းဆောင်ရွက်

EPN
အင်းတော်ကြီး၊  မေ ၁၃

သွေးလွန်တုတ်ကွေးရောဂါကာကွယ်နှိမ်နင်းရေး အသိပညာပေးခြင်းနှင့် (Abate) ဆေးခပ်ခြင်းလုပ်ငန်း ကို မေလ ၁၃ ရက်နေ့၊ နံနက်ပိုင်းက အင်းတော်ကြီးဒေသ၊ မမုန်ကိုင်အုပ်စု၊ မိုင်းနောင်ကျေးရွာတွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။

မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသ မမုန်ကိုင်ကျေးရွာအုပ်စု မိုင်းနောင်ကျေးရွာ အုပ်ချုပ်ရေးရုံး၌ ယနေ့နံနက်(၇)နာရီအချိန်က သွေးလွန်တုတ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေး အသိပညာပေးခြင်းနှင့် ရွာတွင်းသို့ ကွင်းဆင်း အဘိတ်ဆေးခတ်ခြင်း ဆောင်ရွက်ခဲ့ကြောင်း ပြည်သူ့ကျန်းမာရေးဌာနမှ သိရသည်။

“မိုးရာသီရောက်ရှိချိန် မိမိအိမ်အတွင်း ပတ်ဝန်းကျင်မှာ ပိုးလောက်လန်းများ၊ ခြင်များ မပေါက်ဖွားရအောင် အခုလိုကြိုတင်ပြင်ဆင်ပညာပေးဆောင်ရွက်ရခြင်းဖြစ်တယ်၊ ရောဂါဖြစ်ပွားခဲ့လျှင် အပြင်ဆေးခန်း စပ်ဆေးတွေနဲ့ ရမ်းပြီး မကုသစေချင်ဘူး အသက်အန္တရာယ်ရှိနိုင်တဲ့အတွက် ဆေးရုံသို့ အမြန်ဆုံးသွားရောက် ကုသမှုကို ခံယူစေချင်ပါတယ်” ဟု ပြည်သ့ူကျန်းမာရေးကြီးကြပ်(၂) ဆရာအောင်မျိုးထွဋ်မှ ပြောသည်။

သွေးလွန်တုတ်ကွေးရောဂါသည် ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်ပွား၍ အသက်(၁၅)နှစ်အောက်ကလေးများတွင် အများဆုံးဖြစ်ပွားတတ်သည်။ မြန်မာနိုင်ငံတွင်(၃)နှစ်မှ (၈)နှစ်အရွယ်တွင် အများဆုံးဖြစ်ပွားတတ်ပြီး လူကြီးများတွင်လည်း ဖြစ်ပွားနိုင်သည်။ တစ်နှစ်ပတ်လုံးကူးစက်နိုင်ပြီး မိုးရာသီတွင်အများဆုံးဖြစ်ပွားတတ်သည် ခြင်းကျားကိုက်ခြင်းဖြင့် တောရောမြို့ပါဖြစ်ပွားတတ်သည်။ အိမ်တိုင်း/ရွာတိုင်း/ရပ်ကွက်တိုင်း/မြို့တိုင်းတွင် ပိုးလောက်လန်းနှိမ်နှင်းရေးလုပ်ငန်းများကို ပြည်သူများအားလုံးတစ်ပြိုင်နက်ဆောင်ရွက်ကြရမည်ဟု ကျန်းမာရေးဌာနမှ အသိပေးနှိုဆော်ထားသည်။

မေလမှစပြီ်း အောက်တိုဘာလအထိ ရေအိုး၊ ရေခွက်၊ ရေစည်၊ ညောင်ရေအိုးများနှင့် မိုးရေတင်ကျန်နိုင်သည့် ဘူးခွက်၊ တာယာဟောင်းများကို (ဖုံး၊ သွန်၊ လှဲ၊ စစ်) အပတ်စဉ်တိုင်းပြုလုပ်ပေးသင့်သည်ဟုလည်း သိရသည်။

အဆိုပါ သွေးလွန်တုတ်ကွေးရောဂါနှိမ်နင်းရေး(Abate)ဆေးခပ်ခြင်းလုပ်ငန်းကို ကျန်းမာရေး ဆရာ/မများ(၈)ဦး နှင့် အုပ်ချုပ်ရေးအဖွဲ့များ၊ မေလ(၁၃)ရက်နေ့မှစ၍ အိမ်ခြေ(၁၁၆၇)အိမ်နှင့် ရပ်ကွက် (၅)ရပ်ကွက် ရှိသော မိုင်းနောင်ရွာကျေးရွာတွင် တစ်အိမ်တက်တစ်အိမ်ဆင်း ကွင်းဆင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

နေကြာ


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။