Trending Now

ချဲလ်ဆီးအသင်းအား ရောင်းချပြီး ယူကရိန်းစစ်ဘေးဒုက္ခသည်တွေကို လှူဒါန်းသွားမယ်လို့ မိုဗစ်ချ်ပြော

Spread the love

ချဲလ်ဆီးအသင်းအား ရောင်းချပြီး ယူကရိန်းစစ်ဘေးဒုက္ခသည်တွေကို လှူဒါန်းသွားမယ်လို့ မိုဗစ်ချ်ပြော

EPN

အားကစား၊ မတ် ၃

ချဲလ်ဆီးပရိတ်သတ်တွေအတွက် စိတ်မကောင်းစရာ သတင်းတစ်ခုကို ရိုမန်အဗရာမိုဗစ်ချ် ကိုယ်တိုင် အတည်ပြုပြောဆိုလိုက်ပါတယ်။

ရုရှားစီးပွားရေးလုပ်ငန်းရှင် ရိုမန်အဗရာမိုဗစ်ချ် ဟာ အနှစ်၂၀ ကျော် ပိုင်ဆိုင်ခဲ့တဲ့ ချဲလ်ဆီးဘောလုံးအသင်းကို ရောင်းချပြီး ယူကရိန်း ဒုက္ခသည်တွေကို လှူဒါန်းသွားမယ်လို့ ပြောဆိုလိုက်ပါတယ်။

“အခု လက်ရှိထွက်ပေါ်နေတဲ့ သတင်းတွေနဲ့ ပတ်သက်ပြီး ရှင်းရှင်းလင်းလင်း ပြောချင်ပါတယ် လက်ရှိအခြေအနေမှာ ကလပ်အသင်း၊ ပရိသတ်တွေ၊ ဝန်ထမ်းတွေအပြင် ကလပ်ရဲ့စပွန်ဆာတွေနဲ့ လုပ်ဖော်ကိုင်ဖက်တွေရဲ့ အကျိုးစီးပွားအတွက် အကောင်းဆုံးလို့ ယုံကြည်တာကြောင့် ကလပ်ကို ရောင်းချဖို့ ဆုံးဖြတ်ချက်ချခဲ့တာပါ” လို့ ရိုမန်အဗရာမိုဗစ်ချ်က ပြောဆိုလိုက်ပါတယ်။

အဗရာမိုဗစ်ချ်ဟာ ချဲလ်ဆီးကို ထိပ်တန်း အသင်းတစ်သင်းအဖြစ် ရပ်တည်နိုင်ဖို့ သူစိုက်ထုတ်ခဲ့တဲ့ ပေါင် ၁.၅ ဘီလီယံ( ၂ ဘီလီယံ) ကို အသင်းဆီက ပြန်တောင်းယူသွားမှာ မဟုတ်တဲ့အပြင် အသင်းရောင်းချလို့ရတဲ့ငွေကို ယူကရိန်း စစ်ဘေးဒုက္ခသည်တွေအတွက် လှူဒါန်းသွားမယ်လို့ ပြောဆိုခဲ့ပါတယ်။

ရောင်းချမှုမှ အသားတင်ရရှိမယ့်ငွေကို ယူကရိန်းစစ်ဘေးဒုက္ခသည်တွေအတွက် ပရဟိတဖောင်ဒေးရှင်းတစ်ခု တည်ထောင်ဖို့ သူ့ရဲ့ လက်ထောက်တွေကို ရိုမန်အဗရာမိုဗစ်ချ်က ပြောကြားခဲ့ပါတယ်။

“ဒီဆုံးဖြတ်ကို ဘယ်လောက်အထိ ခက်ခက်ခဲခဲ ချမှတ်လိုက်ရလဲ ဆိုတာ နားလည်ပေးကြပါ၊ ကျနော့် အတွက်လဲ အရမ်းကို နာကြင်ရပါတယ်။နောက်ဆုံး အနေနဲ့ ကျနော် ဟာ စတမ်းဖို့ဒ် ဘရစ်ချ်ကို လာရောက်ပြီး ခင်ဗျားတို့ အားလုံးကို ကိုယ်တိုင် ကိုယ်ကျ နှုတ်ဆက်ခွင့်ရလိမ့်မယ်လို့ မျှော်လင့်ပါတယ်။” လို့ မိုဗစ်ချ်က ပြောဆိုခဲ့ပါတယ်။

ချဲဆီး ရဲ့ သမိုင်းမှာ အစိတ်အပိုင်းတစ်ခု အဖြစ် ရပ်တည် ပါဝင်ခွင့်ရခဲ့တဲ့အတွက် ကျေနပ်တဲ့အကြောင်းနဲ့ အသင်းနဲ့ ပရိသတ်တွေ အားလုံး သူ့ရဲ့ နှလုံးသားထဲမှာ ထာဝရ ရှိနေမှာပါ လို့ မိုဗစ်ချ်က တရားဝင်ထုတ်ပြန် ကြေညာချက်မှာ ဖော်ပြသွားခဲ့ပါတယ်။

Source – reuters


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။