Trending Now

လီဒိုလမ်းပေါ်က ကျွဲအုပ်ကြောင့် ဆိုင်ကယ်တိမ်းမှောက်၊ ဆိုင်ကယ်မောင်းနှင်သူ သေဆုံး

Spread the love

လီဒိုလမ်းပေါ်က ကျွဲအုပ်ကြောင့် ဆိုင်ကယ်တိမ်းမှောက်၊ ဆိုင်ကယ်မောင်းနှင်သူ သေဆုံး

EPN
မိုးကောင်း၊ ဇူလိုင် ၉

မိုးကောင်းမြို့နယ်အတွင်း မြစ်ကြီးနား-တနိုင်း လီဒိုလမ်းမကြီးပေါ်တွင် ယနေ့ ဇူလိုင်လ ၉ ရက်နေ့၊ ညနေပိုင်း အချိန်က သားအဖ နှစ်ဦး စီးနင်းလာသည့် ဆိုင်ကယ်တစ်စီးသည် လမ်းပေါ်သွားလာနေသည့် ကျွဲအုပ်ကို ရှောင်တိမ်းရင်း ဆိုင်ကယ်တိမ်းမှောက်ခဲ့ရာ ဆိုင်ကယ်မောင်းနှင်သည့် အဖေဖြစ်သူ သေဆုံးသွားကြောင်း နမ္မတီး နယ်မြေရဲစခန်းက သိရသည်။

အဆိုပါဖြစ်စဉ်သည် ယနေ့ ညနေပိုင်းက မိုးကောင်းမြို့နယ် နမ္မတီးမြို့၊ ကံလှကျေးရွာ အခြေခံပညာ အထက်ကျောင်းရှေ့ လီဒိုလမ်းမကြီးပေါ်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

သေဆုံးသူမှာ ဗန်းမော်မြို့၊ နောင်ခိုရပ်ကွက်နေ ဦးစိုးဝဏ္ဏထွန်းဆိုသူဖြစ်ပြီး လမ်းပေါ်တွင် ဖြတ်သန်း သွားလာနေသည့် ကျွဲအုပ်ကို တိမ်းရှောင်ရင်း ဆိုင်ကယ် တိမ်းမှောက်ခဲ့ရာ နေရာတွင် ပွဲချင်းပြီး သေဆုံးခဲ့ပြီး ၄င်း၏ ဆိုင်ကယ်နောက်တွင် လိုက်ပါလာသည့် အသက် (၈)နှစ်အရွယ် ၄င်း၏ သားဖြစ်သူမှာလည်း ဒဏ်ရာများ ရရှိခဲ့သည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ဦးစိုးဝဏ္ဏထွန်းအား နမ္မတီးနယ်မြေရဲစခန်းမှ (ပ) ၁၄/၂၀၂၀ ယာဉ် (ပ)၃၀၄ (က) ၃၃၇/၂၇၉ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

ချိုမောင်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။