Trending Now

ဖားကန့်တွင် ကျောက်စိမ်းတူးဖော်ခွင့် ၃လ ရပ်နားသည့် ကာလအတွင်းခိုးတူးမှုများ မရှိအောင်စောင့်ကြည့်မည်ဟု ပြည်နယ်ဝန်ကြီးပြော

Spread the love

ဖားကန့်တွင် ကျောက်စိမ်းတူးဖော်ခွင့် ၃လ ရပ်နားသည့် ကာလအတွင်းခိုးတူးမှုများ မရှိအောင်စောင့်ကြည့်မည်ဟု ပြည်နယ်ဝန်ကြီးပြော

EPN
မြစ်
ကြီးနား၊ ဇူလိုင် ၅

ကချင်ပြည်နယ်၊ ဖားကန်ရတနာမြေတွင်ကျောက်စိမ်းရိုင်းထုတ်လုပ်တူးဖော်ခွင့်ကို(ဇူလိုင်လ ၁)ရက်နေ့မှ စတင်ကာ ၃လရပ်နားထားပြီဖြစ်ပြီး ရပ်နားထားသည့်ကာလအတွင်း ခိုးတူးမှုများ ရှိ၊ မရှိကို သေချာစောင့်ကြည့် စစ်ဆေးသွားမည်ဖြစ်ကြောင်း ကချင်ပြည်နယ်၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးဒါရှီလဆိုင်းက ပြောသည်။

ယနေ့(ဇူလိုင်လ ၅)ရက်နေ့တွင် မြစ်ကြီးနားမြို့၊ ပြည်နယ်အစိုးရရုံးဝင်း အတွင်းရှိ ဆမားဒူဝါဆင်ဝါနော် ခန်းမ၌ ပြုလုပ်ခဲ့သောကချင်ပြည်နယ်အစိုးရအဖွဲ့၏ တတိယတစ်နှစ်တာ သတင်းစာရှင်းပွဲ၌ သယံဇာတဝန်ကြီးက ယခုကဲ့သို့ ပြောဆိုလိုက်ခြင်း ဖြစ်သည်။

“ဖားကန့်မှာ ဒီမိုးတွင်းကာလအတွင်း ဘေးအန္တရာယ် မကြာကြာကြုံတွေ့ရတတ်ပါတယ်။ ဒါကြောင့် ဒီလုပ်ငန်းစဉ်ဆောင်ရွက်တဲ့အခါမှာ ဘေးအန္တရာယ်မကျရောက်ဖို့ရန်  ကြိုတင်ပြီးတော့မှ ကျွန်တော်တို့အနေနဲ့လည်း မြို့နယ်အုပ်ချုပ်ရေးမှူးတွေ၊ ရပ်/ကျေး အုပ်ချုပ်ရေးမှူးတွေနဲ့ သက်ဆိုင်ရာနယ်မြေလှုံခြုံရေးတပ်ဖွဲ့ ဖွဲ့စည်းဆောင်ရွက်နေတယ်။ အထူးသဖြင့်တော့ လုပ်ငန်းလုပ်ကိုင်တဲ့ ဒီကုမ္ပဏီတွေကို လုပ်ငန်းမလုပ်ဖို့အတွက် စနစ်တကျ လမ်းညွန်ထားပြီးသားဖြစ်ပါတယ်။ ကျောက်စိမ်းတူးဖော်ရေးအဖွဲ့တွေ အနေနဲ့လည်း အပတ်စဉ် အစီရင်ခံစာတင်လာဖို့ဖြစ်တယ်။ လုပ်ငန်းဆောင်ရွက်မှုမရှိအောင်သေချာစီစစ်ဆောင်နေပါတယ်။” ဟု သယံဇာတဝန်ကြီးက ပြောသည်။

ဖားကန့်ရတနာမြေရှိ ကျောက်စိမ်းအရိုင်းတူးဖော်ထုတ်လုပ်သည့် ကုမ္ပဏီများအား လုပ်ငန်းလုပ်ကိုင်ခွင့် ၃ လရပ်နားကြောင်း ညွန်ကြားစာကို ဇွန်လ (၁၂)ရက်​​နေ့က ထုတ်ပြန်ထားပြီး အမျိုးသားလွှတ်​​တော်၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်ရေးဆိုင်ရာကော်မတီ၏ အကြံပြုညွန်ကြားချက်ဖြစ်​​ကြောင်း သိရသည်။

ဖားကန့်ရတနာမြေတွင်နွံကန်ပေါက်ကျခြင်းနှင်မြေစာပုံပြိုမှုတို့မကြာခဏ ဖြစ်ပွားလေ့ရှိပြီး ယင်းနွံကန်နှင်မြေစာပုံပြိုကျမှုတို့ကြောင့် ၂၀၁၈ ခုနှစ်အတွင်းသေဆုံးသူ (၁၀၇)ဦး၊ ထိခိုက်ဒဏ်ရာရရှိသူ ၃၀ ဦး ရှိခဲ့ကြောင်း ဖားကန့်မြို့နယ်ထွေအုပ်ရုံးမှ သိရသည်

လွမ်အောင်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။